HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒီဓါတ်ပုံက အာရက္ခတပ်တော်နဲ့ မသက်ဆိုင်ပါ

အာရက္ခတပ်တော်ရဲ့ ရေတပ်က ဓါတ်ပုံလို့ ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 5 Oct 2024 8:23 PM IST

အဆိုပါ သတင်းအတုကို လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ စက်တင်ဘာလ ၃၀ ရက်နေ့က ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ စစ်လက်နက်နဲ့ ပစ်ခတ်ဖို့ ပြင်ဆင်ကာ အမြန်မောင်းနှင်နေတဲ့ တိုက်ရေယာဥ်တစ်စီးရဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။ စစ်ရေယာဉ်ရဲ့ မီးခိုင်းခေါင်းတိုင်နေရာမှာ အလံ ၂ ခု လွင့်ထူထားပါတယ်။ အလံတစ်ခုကတော့ အနီရောက်နောက်ခံပေါ် အဖြူရောင်စာသားနဲ့ ဖြစ်ပြီး နောက်ထပ် အလံတစ်ခုကတော့ အနီနဲ့ အပြာစပ်ထားတဲ့ အလံဖြစ်ပါတယ်။ ဒီဓါတ်ပုံနဲ့အတူ “ရခိုင်တပ်တော် နေဗီးအသုံးပြုနေပြီ” (သတ်ပုံ မူရင်းအတိုင်း) လို့ ဖြန့်ထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၃ သောင်းကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၈၀၀ နီးပါးရှိကာ ကူးယူဖော်ပြထားသူလည်း များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အာရက္ခတပ်တော်က ရေတပ် အသုံးပြုနေပြီလို့ ဖြန့်ထားတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မှားယွင်းဖြန့်ဝေနေတာကို တွေ့ရပါတယ်။

မူရင်းဓါတ်ပုံဟာ အီရန်က ဓါတ်ပုံဖြစ်ပြီး အာရက္ခတပ်တော် AA နဲ့ မသက်ဆိုင်ပါဘူး။ မူရင်း ဓါတ်ပုံဟာ ၂၀၁၉ ခုနှစ် ဩဂုတ်လက ပါရှန်းပင်လယ်ကွေးမှာ အီရန်ကမ်းခြေစောင့်တပ်က ကင်းလှည့်နေတဲ့ပုံဖြစ်ပြီး Reuters သတင်းဌာနက ဖော်ပြခဲ့တဲ့ ဓါတ်ပုံဖြစ်ပါတယ်။ ဒီပုံကို အသုံးပြုပြီး AA ရဲ့ ရေတပ်လို့ ဖြန့်ထားတာပဲ ဖြစ်ပါတယ်။


ဒါ့အပြင် မူလဓါတ်ပုံမှာ ပါတဲ့ပုံဟာ အီရန်အလံနဲ့ အပြာရောင် အလံတစ်ခုဖြစ်ပြီး သတင်းအမှားစတင်သူက အာရက္ခတပ်တော်ရဲ့ အလံအရောင်နဲ့ ဆင်တူတဲ့အလံနဲ့ ရခိုင်အလံနဲ့ ဆင်တူတဲ့ အနီရောင် အလံတစ်ခုကို Photoshop နဲ့ ပြုပြင်ထားပါတယ်။


 AA ဟာ ပြီးခဲ့တဲ့ လအတွင်းမှာ သံတွဲမြို့က မောင်ရွှေလေး ရေတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ AA ကတော့ စစ်တပ်ရဲ့ သင်္ဘောတွေ အသုံးပြုခြင်း မပြုခြင်းကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီလိုအခြေအနေမှာ အီရန်က စစ်သင်္ဘောရဲ့ ဓါတ်ပုံကို ပြုပြင်ပြီး AA ရဲ့ ရေတပ်လို့ သတင်းအမှားဖြန့်ထားတာပဲ ဖြစ်ပါတယ်။

Tags:

Related Stories