အဆိုပါ Video ဟာ မတ်လ ၂၉ ရက်နေ့က လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့လာနေတာဖြစ်ပြီး မန္တလေးမြို့ အပျက်အဆီးတွေကို အပေါ်စီးကနေ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ပုံစံဖော်ပြထားပါတယ်။ Video အတွင်းမှာ မန္တလေးမြို့က ဘုရား ၂ ဆူ နဲ့ အပျက်အဆီးတွေကြားမှာ ကားတွေ လူတွေ သွားလာနေတာကို မြင်တွေ့ရပါတယ်။
မူရင်းဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို လူပေါင်းများစွာက ပြန်တင်ထားကြပါတယ်။
သတင်းဆန်းစစ်ချက်
မန္တလေးမြို့ အပျက်အဆီးတွေကို အပေါ်စီးကနေ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးထားတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Video အတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီ Video ဟာ မန္တလေးမြို့ ငလျှင် အပျက်အဆီးပုံစံနဲ့ တူအောင် AI နည်းပညာနဲ့ ဖန်တီးထားတဲ့ Video တစ်ပုဒ်သာ ဖြစ်ပါတယ်။ အဆိုပါ Video ကို ယူတင်ပြီး လူမှုကွန်ယက်ပေါ် ထပ်ဆင့်ဖြန့်နေခြင်းသာ ဖြစ်ပါတယ်။
လူမှုကွန်ယက် သုံးစွဲတွေကလည်း အမှားနဲ့ အမှန်ရောထွေးသွားနိုင်လို့ AI နဲ့ ဖန်တီးထားတဲ့ ဒီ Video ကို မတင်ကြဖို့ ၊ ပြန်ဖြုတ်ချကြဖို့ ပြောကြပေမယ့် တင်နေကြဆဲသာဖြစ်ပါတယ်။
ယခု Video တင်ထားသူရဲ့ comment မှာလည်း AI video ဖြစ်ကြောင်း ပြန်ဖြုတ်ချဖို့ မှတ်ချက် ရေးသားတာတွေ ရှိပေမယ့် ယခုအချိန်ထိ ပြန်ဖြုတ်ချထားခြင်း မရှိတာကို တွေ့ရပါတယ်။