HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

PDF တွေက ကယ်ဆယ်ရေး စစ်သားတွေကို Drone နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအတု

PDF တွေက ကယ်ဆယ်ရေး ကြက်ခြေနီ၊ စစ်သား နဲ့ ရဲ တွေကို Drone နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 1 April 2025 9:40 PM IST

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တွေကနေ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ PDF တွေ ဒရုန်းတွေ၊ ဗုံးသီးတွေနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ ဓါတ်ပုံကို သုံးထားပြီး “မုံရွာ မြို့ ဗောဓိတထောင် မှာ ငလျင်ကြောင့် ပြိုပျက်နေတဲ့ အဆောက်အဦးတွေထဲမှာ ပိတ်မိနေတဲ့ ကလေးတွေ သံဃာ တွေကို ကယ်ထုတ် နေတဲ့ ကယ်ဆယ်ရေး စစ်သား ရဲ မီးသတ် ကြက်ခြေနီ အဖွဲ့တွေကို မုံရွာဆားလင်းကြီး အရာတော် အကြမ်းဖက် pdf တွေက Drone နဲ့ တိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာ ရရှိသူတွေရှိကြောင်းသတင်းရ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ အကြောင်းအရာကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

PDF တွေက ကယ်ဆယ်ရေး ကြက်ခြေနီ၊ စစ်သား နဲ့ ရဲ တွေကို Drone နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ငလျှင်ဘေးသင့်တဲ့ ဒေသတွေကို ကယ်ဆယ်ရေးဆင်းနေတဲ့သူတွေကို မည်သည့်အဖွဲ့ မည်သည့် PDF ကမှ တိုက်ခိုက်ခြင်း နှောင့်ယှက်ထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ပြည်သူနဲ့ PDF တွေကြား သွေးခွဲဖို့ ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားထဲမှာ သုံးထားတဲ့ ဓါတ်ပုံတွေဟာ ဓါတ်ပုံအဟောင်းတွေသာ ဖြစ်ပြီး PDF တွေ ဗုံးသီးတွေ ကိုင်ထားတဲ့ ဓါတ်ပုံဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဓါတ်ပုံဖြစ်ပြီး နောက်ထပ် ဒရုန်းနဲ့ တိုက်ခိုက်ဖို့ ပြင်နေတဲ့ ပုံဟာလည်း ဖေဖော်ဝါရီလက ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်မှာ သုံးထားတဲ့ ပုံသာ ဖြစ်ပါတယ်။

မူရင်းဓါတ်ပုံတွေ ပါဝင်တဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီအတွက် ဝါဒဖြန့်ချီနေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories