အဆိုပါ ဓါတ်ပုံတွေကို အောက်တိုဘာလ ၂၈ ရက်နေ့ခန့်မှာ လူမှုကွန်ယက်ပေါ် စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ၎င်းဓါတ်ပုံနဲ့အတူ "တောထဲရောက်နေတဲ့ အစ္စလာမ်ဘာသာဝင် PDF လူငယ်လေးတွေ နမာဇ်ဖတ် ဝတ်ပြု့ဆုတောင်းနေပုံ" လို့ ရေးသားထားပါတယ်။ ၎င်းဓါတ်ပုံထဲမှာ ပျောက်ကြား စစ်ဝတ်စုံ ဝတ်ထားတဲ့ လူငယ် ၄ ယောက်က တောတွင်း တစ်နေရာ မှာ အစ္စလာမ်ဘာသာဝင်တွေ ဘုရားရှိခိုး ဝတ်ပြုတဲ့ နမာဇ် ဖတ်နေတာ ဖြစ်ပါတယ်။ ဒီလို ဝတ်ပြုနေတဲ့ လူငယ် ၄ ယောက်ဟာ ချောင်းတစ်ခု အနီး မြေပြင်ပေါ်မှာ ၎င်းတို့ရဲ့ အပေါ်က အင်္ကျီတွေကိုလည်း အခင်းအဖြစ် ပြုလုပ်ထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
အဆိုပါ ဓါတ်ပုံတွေကို အသုံးပြုပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူပြီး ဖော်ပြနေကြဆဲဖြစ်ပါတယ်။
သတင်းဆန်းစစ်ချက်
အစ္စလာမ်ဘာသာဝင် PDF လူငယ်တွေ တောထဲမှာ ဘုရားဝတ်ပြုနေတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ တစ်ခြားနိုင်ငံက ဓါတ်ပုံတွေ ဖြစ်တာကို တွေ့ရပါတယ်။
ဒီဓါတ်ပုံတွေဟာ ၂၀၁၉ ခုနှစ်လောက်ထဲက အစ္စလာမ်ဘာသာရေး စာတွေ ဖြန့်ဝေလေ့ရှိတဲ့ Group ထဲမှာ ဖြန့်ဝေနေကြ ပုံတွေဖြစ်ပြီး မည်သည့်နေရာရောက်ရောက် နမာဇ်ဝတ်ပြု (အစ္စလာမ်ဘာသာရေးအရ ဘုရားဝတ်ပြု) တယ်လို့ ရေးသားပြီး ဖြန့်ဝေလေ့ရှိတဲ့ ပုံတွေ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က မူရင်း ဖြန့်ဝေထားတဲ့ ပုံတွေကို ဒီ Link မှာ ကြည့်ပါ။