HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒီဓါတ်ပုံက မြန်မာနိုင်ငံက မဟုတ်ပါ

ရခိုင်ပြည်နယ်ရဲ့ ရေတပ်စခန်းတစ်ခုက စစ်သင်္ဘောတစ်စီး မြုပ်နေပြီဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 5 Sep 2024 3:37 PM GMT

အဆိုပါ သတင်းအတုကို လှုမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ တိမ်းစောင်းပြီး နစ်မြုပ်နေတဲ့ သင်္ဘောတစ်စီးရဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။ ဒီဓါတ်ပုံဟာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ကောင်စီရဲ့တခုတည်းသော လက်ကျန် တပ်စခန်းဖြစ်တဲ့ မောင်ရွှေလေးရေတပ်စခန်းက ပုံဖြစ်တယ်လို့ ဖြန့်ထားကြပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ဖြန့်ထားကြပြီး Like လုပ်ထားသူ၊ ထပ်ဆင့်ဝေမျှသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်စခန်းက သင်္ဘောတစ်စီး နှစ်မြုပ်နေတယ်လို့ ဖြန့်ထားတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ တစ်ခြားနိုင်ငံက ဓါတ်ပုံတစ်ပုံကို မှားယွင်းဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ နယ်မြေများစွာကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်တွေ အထိနာနေပါတယ်။ AA က စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်စခန်းကို ထိုးစစ်ဆင်နေကြောင်း ထုတ်ပြန်ထားပေမယ့် ဓါတ်ပုံအထောက်အထားတွေ ပါဝင်ခြင်း မရှိသလို ရေတပ်သင်္ဘော နစ်မြုပ်တဲ့ ပုံတွေလည်း ထွက်ပေါ်လာခြင်း မရှိပါဘူး။

တကယ်တော့ မောင်ရွှေလေးရေတပ်စခန်းလို့ ဖြန့်ထားတဲ့ ဓါတ်ပုံဟာ မြန်မာနိုင်ငံက ဓါတ်ပုံမဟုတ်ပါဘူး။ ဒီဓါတ်ပုံဟာ မလေးရှားရေတပ် သင်္ဘောတစ်စင်းရဲ့ ပုံဖြစ်ပြီး စင်္ကာပူနယ်နိမိတ် အနီးမှာ ရေအောက်က သံသယဖြစ်ဖွယ်အရာတစ်ခုနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့တဲ့ ဖြစ်စဉ်က ဓါတ်ပုံသာဖြစ်ပါတယ်။

မလေးရှားရေတပ် သင်္ဘောနစ်မြုပ်သွားတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။


အာရက္ခတပ်တော် AA က သံတွဲမြို့က မောင်ရွှေလေးရေတပ်စခန်းကို ထိုးစစ်ဆင်နေစဉ်ကာလမှာ ဒီဓါတ်ပုံကို အသုံးပြုပြီး အခုလိုဖြန့်ထားကြတာပဲ ဖြစ်ပါတယ်။

Related Stories