HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သာကေတ မိချောင်းမွေးမြူရေးစခန်းဆိုပြီး ဖြန့်ဝေနေတဲ့ ပုံဟောင်းတွေ

ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ မိချောင်းစခန်းနဲ့ အနီးတဝိုက်မှာ ရေကြီးနေတဲ့ ဓာတ်ပုံတွေ အသုံးပြုပြီး လက်ရှိ ဖြစ်ပျက် နေသယောင် ဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 14 Sep 2024 11:18 AM GMT

ဒီအကြောင်းအရာကို ဒု ရဲမှူး ဘသာ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ သာကေတမြို့နယ်ရှိ မိချောင်းစခန်း မုခ်ဦးအနီးတဝိုက် ရေကြီးရေလျှံဖြစ်နေတဲ့ ဓာတ်ပုံနဲ့အတူ 'သာကေတ မိချောင်းမွေးမြူရေးစခန်း အခြေအနေ' လို့ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ‌ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ တမင်လုပ်ကြံဖန်တီးပြီး ဖြန့်ဝေ ထားတဲ့ အကြောင်းအရာသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ပုံတွေမှာ ဧရာဝတီသတင်းဌာနမှာ စက်တင်ဘာ ၁၂ ရက်နေ့က ဖော်ပြထားတဲ့ ‘ထူးကဲဒီရေ တက်ဦးမည်’ ဆိုတဲ့ သတင်းမှာ အသုံးပြုထားတဲ့ ပုံတွေဖြစ်ပါတယ်။

သတင်းဓာတ်ပုံတွေဟာ '၂၀၂၀ က ထူးကဲဒီရေတက်၍ ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ မိချောင်းစခန်းနှင့် အနီးတဝိုက် ရေကြီးရေလျှံနေစဉ်' လို့ ပုံစာရေးသားထားပါတယ်။


ဖြန့်ဝေနေတာတွေဟာ ဧရာဝတီသတင်းဌာနက ဖော်ပြထားတဲ့ ပုံဟောင်းတွေကို ရယူအသုံးပြုပြီး လက်ရှိဖြစ်ပွားနေတဲ့ ရေကြီးရေလျှံတဲ့ ဖြစ်စဉ်တွေနဲ့ ရောကာ သတင်းအမှားတွေ ဖြန့်ဝေနေတာသာ ဖြစ်ပါတယ်။

ဧရာဝတီသတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories