HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗျိုင်းတွေမှာ အဖိုမရှိဘူးဆိုတာ မဟုတ်ပါ

ဗျိုင်းတွေမှာ အဖိုဆိုတာမရှိပဲ အမတွေသာ ရှိပြီး ဗျီုင်းမတွေဟာ မိုးခြိမ်းသံကိုနားထောင်ပြီး ကိုယ်ဝန်ယူတယ်လို့ ရေးသားဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ ချက်အလက် အမှားတွေရေူသားဖြန့်ဝေထားတဲ့ အကြောင်းအရာသာဖြစ်ပါတယ်။

By - Boom Live Myanmar | 19 Aug 2022 5:54 PM IST

ဒီအကြောင်းအရာကို ၂၀၂၀ ခုနှစ်လောက်ကတည်းက ဖြန့်ဝေနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တဖန် ပြန်လည်ဖြန့်ဝေလာတဲ့ အတွက် BOOM က သတင်းဆန်းစစ်ထားခြင်း ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ 'ဗျိုင်းတို့မှာ အဖိုဟူ၍မရှိ အားလုံး အမတွေချည်းသာ ရှိတာဖြစ်ကြောင်း၊ ဗျိုင်းမတွေဟာ ဥတုလာချိန်မှာ မိုးခြိမ်းသံကို သာယာပြီး ကိုယ်၀န်ယူကြရတာဖြစ်ကြောင်း၊ ဗျိုင်းလို့ ဆိုရာမှာ ဗျိုင်းအောက်ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ကြက်မတွေလဲ ရံဖန်ရံခါ ကြက်ဖ တွန်သံကို သာယာပြီး ကိုယ်၀န်ယူတတ်ကြသလို အချို့သော နွားမများဟာလည်း နွားလားဥသဖရဲ့ အသံကိုသာယာပြီး ကိုယ်၀န်ယူတတ်ကြတယ်လို့ ကျမ်းဂန်မှာ ဆိုထားကြောင်းနဲ့ ရုပ်၊ အသံ၊ အနံ့ကြောင့် ကိုယ်ဝန်တည်ခြင်း ၃ မျိုးအကြောင်းကို အထောက်အထားမပြနိုင်တဲ့ ရှေးတုန်းက ပုံပြင်တွေနဲ့ ရောနှော ရေးသားထားတာ ဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဗျိုင်းတွေမှာ အဖိုရှိ၊ မရှိဆိုတာနဲ့ ပတ်သတ်ပြီး ဝီကီပီးဒီယားမှာ ဖော်ပြချက်ကို အောက်မှာ ဖတ်ရှု့နိုင်ပါတယ်။


အထက်ပါပုံမှာ တွေ့ရတဲ့ အစိမ်းရောင်ခြယ်သ ထားတဲ့နေရာတွေမှာ ဖတ်ကြည့်ရင် အဖိုရှိလား မရှိလား ခွဲခြားသိရှိနိုင်ပါတယ်။ ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။ နောက်ထပ် ဗျိုးအမျိုးမျိုးနဲ့ ပတ်သတ်ပြီး အသေးစိတ် ထပ်မံလေ့လာလိုပါက All About Birds ဆိုတဲ့ ငှက်တွေအကြောင်း မျှဝေနေတဲ့ ဝက်ဆိုက်မှာ သွားရောက်လေ့လာ နိုင်ပါတယ်။

ဒီဝက်ဆိုက်ထဲမှာ ဗျိုင်းနဲ့ ပတ်သတ်တာတွေတင်မက ကမ္ဘာပေါ်မှာရှိတဲ့ အခြား ငှက်မျိုးစိတ် အများအပြားရဲ့ အကြောင်းတွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ အများအပြား ရှိပါတယ်။


ဒီနေရာ မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ တခြား သားငှက် တိရစ္ဆာန်တွေနဲ့ ပတ်သတ်ပြီး သိရှိလိုပါက မြန်မာနိုင်ငံ မျိုးရင်း တိရစ္ဆာန်တွေအကြောင်း ဗဟုသုတမျှဝေခြင်းနဲ့ အမျိုးအစားခွဲခြားခြင်းတွေ လုပ်ပေးနေတဲ့ Wildlife of Myanmar (M.S.I) ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ အဖွဲ့ဝင်ပြီး ကိုသိချင်တာကို ပုံနဲ့တကွ မေးမြန်းနိုင်ပါတယ်။


ဒီဖေစ့်ဘွတ်ဂရုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories