ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MM TOP DAILY ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နားကားပြီဟေ့။ နိုင်ငံကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲအောင် လုပ်နေတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါများ ကြိုးစင်တက်ရပြီ’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တကယ်တော့ဒီအကြောင်းအရာဟာ အရင်ဖြန့်နေကျ သတင်းတု၊ သတင်းမှားပုံစံတွေအတိုင်း ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ အခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဖြန့်ဝေထားတဲ့အထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကြိုးစင်တက်ရပြီ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
ဒီလို ဖေစ့်ဘွတ်အတုတွေမှာ ဖြန့်ဝေနေတဲ့ သတင်းတုအများစုဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ သတင်းတွေကို ကိုးကားပြီး အမှားအမှန် ရောထွေး နေတဲ့ အကြောင်းအရာတွေ၊ ဗီဒီယိုကာဗာပေါ်မှာ ရေးထားတဲ့ အကြောင်းအရာနဲ့ ဗီဒီယိုအတွင်းက အကြောင်းအရာ လွဲနေတာတွေနဲ့ ခေါင်းစဉ်မတူတဲ့ တခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတဲ့ အကြောင်းအရာတွေ အများဆုံးဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။