HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မန္တလေးနဲ့ လားရှိုးတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းအမှား

မန္တလေးနဲ့ လားရှိုးတိုက်ခိုက်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Jun 2024 3:36 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Local Times ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မန္တလေးနဲ့ လားရှိုးတိုက်ခိုက်ခံရ။ အာဏာလွှဲရတော့မည့် မင်းအောင်လှိုင်။ မင်းအောင်လှိုင်က တိုင်းမှူး ၃ဦးဖမ်းဆီးလို့ အာဏာသိမ်းဖို့ 100% သေချာသွားပြီ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မန္တလေးနဲ့ လားရှိုးတိုက်ခိုက်ခံရတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ စစ်အရာရှိနှင့် ဗိုလ်ချုပ်ဟောင်းတချို့ စစ်တပ်ကို ပုန်ကန်ရန် ကြံစည်မှုဖြင့် ဖမ်းဆီးခံရဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ မန္တလေးနဲ့ လားရှိုးတိုက်ခိုက်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

သတင်းထဲမှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နဲ့ စစ်အရာရှိတွေ၊ ဗိုလ်ချုပ်ဟောင်းတချို့ကို စစ်တပ်အပေါ် ပုန်ကန်ရန် ကြံစည်မှုနဲ့ ဖမ်းဆီးထားတယ်ဆိုတဲ့ အကြောင်းကို ရေးသားထားတာပါ။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories