HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒီဓါတ်ပုံတွေက ဖားကန့်မြေပြိုတဲ့ဖြစ်စဉ်ကပါ

လူမှုကွန်ယက်ပေါ်မှာ ကချင်ပြည်နယ် ဖားကန့် မှာ မြေစာပုံပြိုကျခဲ့စဉ်က ဓါတ်ပုံအဟောင်းကို အသုံးပြုပြီး လှိုင်သာယာမှာ စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့သူတွေလို့ ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 16 March 2021 9:52 AM IST

ကချင်ပြည်နယ် ဖားကန့် မှာ မြေစာပုံပြိုကျခဲ့စဉ်က ဓါတ်ပုံအဟောင်းကို အသုံးပြုပြီး လှိုင်သာယာမှာ စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့သူတွေအဖြစ်ဖြန့်ဝေတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

ဒီအကြောင်းအရာကို Myat Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မတ်လ ၁၆ ရက်နေ့ မနက်အစောပိုင်း ၁၂ နာရီ ၅၃ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေကို တန်းစီပြီးချထားတဲ့ ဓါတ်ပုံတစ်ပုံပါဝင်ပါတယ်။ အဲ့ဒီ ဓါတ်ပုံနဲ့အတူ "လိူင်သာယာ သူရဲကောင်းတွေ အားလုံးအေးချမ်းတဲ့ ဘုံဘဝမှာ နားခိုနိုင်ကြပါစေ" လို့ ရေးသားထားပါတယ်။

အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၇၅၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှသူ ၃ သောင်းကျော် ရှိနေပါတယ်။

မူရင်းဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

လှိုင်သာယာမှာ ကျဆုံးသူတွေရဲ့ ရုပ်အလောင်းတွေဆိုတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အဆိုပါ ဓါတ်ပုံဟာ ဖားကန့်မှာ မြေစာပုံပြိုကျစဉ်က သေးဆုံး ရုပ်အလောင်းတွေကို ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။

အဆိုပါ ဓါတ်ပုံဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာမှာ ဇူလိုင် ၂ ရက်နေ့ နံနက် ၈ နာရီခန့်က မြေစာပုံပြိုကျမှု ဖြစ်စဉ်မှာ သေးဆုံးခဲ့ရသူတွေရဲ့ ဓါတ်ပုံသာ ဖြစ်ပါတယ်။ လှိုင်သာယာမှာပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးသူအမြောက်အများရှိပေမယ့် ကွယ်လွန်သူတွေကို ဒီလိုစုပုံထားခဲ့ရတဲ့အခြေအနေတော့ မရှိခဲ့ပါဘူး။

ဖားကန့်ဖြစ်စဉ်က သတင်းကို ဒီ Link မှာ ဖတ်နိုင်ပါတယ်။


 


Tags:

Related Stories