HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒဂုံ (၁) ကျောင်းသား Q ဝင်ရတယ်ဆိုတဲ့သတင်းအမှား

အွန်လိုင်းပေါ်က သတင်းအမှားတွေထဲမှာ အကောင့်တုအကောင့်ပုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိဖြန့်ဝေတာရှိသလို တရားဝင်မီဒီယာတွေပေါ်မှာလည်းအချက်အလက်ဆန်းစစ်မှုအားနည်းတာကြောင့်သတင်းအမှားတချို့တွေ့ရလေ့ရှိပါတယ်။

By - Boom Live Myanmar | 31 Aug 2020 5:25 PM IST

အခုဖော်ပြမယ့်အကြောင်းအရာက ပြည်တွင်းအခြေစိုက် Duwun Media မှာသြဂုတ်လ ၂၅ ရက်နေ့က ဖော်ပြခဲ့တဲ့ "ဒဂုံ (၁) က ကျောင်းသားတစ်ဦးကို ကိုဗစ်သံသယကြောင့် Home Quarantine ထားရှိ" ဆိုတဲ့သတင်းနဲ့ ပါတ်သတ်ပြီး လူမှုကွန်ယက်တွေပေါ်မှာ အငြင်းပွားမှုတွေဖြစ်ပေါ်နေတဲ့အကြောင်း BOOM က တင်ပြသွားမှာဖြစ်ပါတယ်။

Duwun သတင်းဌာနအနေနဲ့ ၂ မိနစ်ကျော်ကြာတဲ့ ဒီသတင်း ဗွီဒီယိုဖိုင်ကို ဖော်ပြရာမှာ "အဆိုပါ ကျောင်းသားရဲ့ မိခင်က ရခိုင်ကနေပြန်လာတာဖြစ်ပြီး ဒီနေ့မှာတော့ ကလေးက ဖျားချင်သလိုဖြစ်နေတာကြောင့် ကိုဗစ်သံသယနဲ့ Home Quarantineထားရှိဖို့ သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူတွေက တင်ပြလာတယ်လို့ ဒေါက်တာတင်မောင်ဝင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန)က Duwun ကိုအတည်ပြုပြောကြားပါတယ်။" ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး သတင်းထဲမှာလည်း ဒေါက်တာတင်မောင်ဝင်းကိုယ်တိုင်က ကျောင်းသားမိခင် ရခိုင်က ပြန်လာတဲ့ အတွက် နေအိမ်ကန့်သတ်နဲ့ နေရတယ်လို့ ပြောဆိုထားတာပါ။

သတင်းထဲမှာ "ဒဂုံ (၁) က သံသယကျောင်းသားကို လက်ရှိမှာ Home Quarantine ထားရှိထားပြီး တခြားကျောင်းသားတွေကတော့ ပုံမှန်ကျောင်းတက်ရောက်လျှက်ရှိတယ်လို့ သိရပါတယ်။ သံသယရှိနေတဲ့ ကျောင်းသားရဲ့ အခြေအနေနဲ့ ပါတ်သတ်ပြီး အထက (၁) ဒဂုံကျောင်းအုပ်ကြီးကို Duwun က ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ကျောင်းဆင်းချိန်ဖြစ်သွားတဲ့အတွက် ဆက်သွယ်ရရှိခြင်း မရှိခဲ့ပါဘူး။" ဆိုပြီး တင်ပြထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ 

ဒီသတင်းမှာ ဘာတွေမှားခဲ့သလဲ

ပထမအချက်အနေနဲ့ ကျောင်းသားရဲ့ မိခင်က ရခိုင်ကနေပြန်လာတယ် ဆိုတာ မှားယွင်းနေပါတယ်။ အမှန်က ကျောင်းသားမိခင်မှာ လမ်းမတော်မြို့နယ် ရွှေလမင်းအထူးကုဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဓါတ်မှန်အထူးကုဆရာဝန် ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့က ပိုးတွေ့လူနာတစ်ဦးကို ဓါတ်မှန်ရိုက်ပေးမိခဲ့တဲ့အတွက် မိမိအသိစိတ်ဓါတ်နဲ့ နေအိမ်ကန့်သတ် ဝင်နေသူဖြစ်ပါတယ်။ သူမကို သြဂုတ်လ ၂၁ ရက်နေ့က ပထမအကြိမ်စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိရတွဲ့အတွက် ဒုတိယအကြိမ် ထပ်မံစစ်ဆေးမယ်လို့ သိရပါတယ်။


ဒုတိယအချက်အနေနဲ့ ဒီသတင်းမှားယွင်းကြောင်းကို Duwun သတင်းဌာနမှာ "ဒဂုံ(၁) ကျောင်းသားရဲ့အသေးစိတ် အခြေအနေနဲ့ပတ်သက်ပြီး ဒေါက်တာတင်မောင်ဝင်းရဲ့ရှင်းလင်းချက်" ဆိုပြီး သြဂုတ်လ ၂၆ ရက်နေ့မှာ ပြန်လည်ဖြေရှင်းခဲ့သလို မူရင်းဖြန့်ဝေတဲ့ ပိုစ့်မှာလည်း ဖြေရှင်းချက်လင့်နဲ့တကွ ပြန်လည်ဖော်ပြပေးသော်လည်း မှားယွင်းဖော်ပြခဲ့တဲ့ ပိုစ့်ကို ပြန်လည်ဖြုတ်ပစ်ခြင်း၊ မူရင်းဖြန့်ဝေမှုမှာ မှားယွင်းနေတဲ့ ကျောင်းသားမိခင်ဟာ ရခိုင်ကပြန်လာတယ် ဆိုတဲ့အချက်ကို ပြင်ဆင်ခြင်း မရှိတာကို တွေ့ရပါတယ်။

Duwun သတင်းဌာနရဲ့ ပြန်လည်ဖြေရှင်းချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

တတိယအချက်အနေနဲ့ အဆိုပါကျောင်းသားရဲ့ နောက်ဆုံးတက်ခဲ့တဲ့ ကျောင်းတက်ရက်မှ သြဂုတ်လ ၁၂ ရက်နေ့ဖြစ်ပြီး သူ့မိခင် ပိုးတွေ့လူနာနဲ့ ထိတွေ့တာက သြဂုတ်လ ၁၈ ရက်နေ့ဖြစ်တဲ့အတွက် ဒဂုံ (၁) ကျောင်းနှင့် ထိတွေ့ ပတ်သတ်မှု ရှိမနေကြောင်း သိရမှာပါ။

Duwun သတင်းဌာနရဲ့ သတင်းထဲက "ဒဂုံ (၁) က သံသယကျောင်းသားကို လက်ရှိမှာ Home Quarantine ထားရှိထားပြီး တခြားကျောင်းသားတွေကတော့ ပုံမှန်ကျောင်းတက်ရောက်လျှက်ရှိတယ်လို့ သိရပါတယ်။ သံသယရှိနေတဲ့ ကျောင်းသားရဲ့ အခြေအနေနဲ့ ပါတ်သတ်ပြီး အထက (၁) ဒဂုံကျောင်းအုပ်ကြီးကို Duwun က ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ကျောင်းဆင်းချိန်ဖြစ်သွားတဲ့အတွက် ဆက်သွယ်ရရှိခြင်း မရှိခဲ့ပါဘူး။" လို့ ဆိုတဲ့ တင်ပြချက်က မမှားသော်လည်း တခြားကျောင်းသားမိဘတွေနဲ့ ကျောင်းနဲ့ ပတ်သတ်တဲ့ တခြားသူတွေရဲ့ အမြင်ကို ရှုပ်ထွေးစေပြီး သံသယကျောင်းသားအနေနဲ့ နေအိမ်ကန့်သတ်မတိုင်မီ ကျောင်းနဲ့ ထိတွေ့ခဲ့တယ်လို့ ထင်မြင်စရာတွေ ဖြစ်ပေါ်လာပါတယ်။

ဒါကို Aung Ko Ko ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ရဲ့ သြဂုတ်လ ၂၅ ရက်နေ့က ပြန်လည်ရှင်းလင်းထားချက်ကို ကြည့်ရင်သိနိုင်ပါတယ်။ ပြန်လည်ရှင်းလင်းထားချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။



Tags:

Related Stories