HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရုရှားနဲ့ တရုတ် မထောက်ခံလို့ စစ်ကောင်စီ ခေါင်းဆောင်ပြောင်းမယ်ဆိုတဲ့ သတင်းအမှား

ရုရှားနဲ့ တရုတ်က စစ်ကောင်စီကို မထောက်ခံတဲ့အတွက် လာမည့်နှစ်မှာ ခေါင်းဆောင်ပြောင်းမယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 Dec 2023 12:24 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ‘HT news’ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါး ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ရုရှားနဲ့ တရုတ်က စစ်ကောင်စီကို မထောက်ခံလို့ လာမည့်နှစ်မှာ ခေါင်းဆောင်ပြောင်းမယ်’ လို့ ရေးသား ဖြန့်ဝေထားတာပါ။

ဗီဒီယိုကာဗာပေါ်မှာတော့ 'ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်။ သုံးနှစ်ဆက်တိုက် ထိုင်ခုံအလုခံလိုက်ရလို့ မင်းအောင်လှိုင် ထပ်မံအရှက်ကွဲ' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေထားမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ရုရှားနဲ့ တရုတ် မထောက်ခံလို့ စစ်ကောင်စီ ခေါင်းဆောင်ပြောင်းမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမှုအရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံလိုက်တဲ့အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာထဲမှာ ရုရှားနဲ့ တရုတ် မထောက်ခံလို့ စစ်ကောင်စီ ခေါင်းဆောင်ပြောင်းမယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီမှာ မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ တရုတ်နဲ့ ရုရှားတို့ အပါအဝင် ကိုးနိုင်ငံပါဝင်ပြီး သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်ကို အတည်ပြုဆုံးဖြတ်ပေးရတာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နိုင်ငံအသီးအသီး ကိုယ်စားလှယ်ရွေးချယ်ရေး Credential ကော်မတီက ဒီဇင်ဘာလ ၆ ရက်နေ့ အစည်းအဝေး ကျင်းပခဲ့ရာမှာ မြန်မာနဲ့အာဖဂန်နစ္စတန်နိုင်ငံတွေ ကိုယ်စားပြုမှုအရေးကို ဆိုင်းငံ့ထားဖို့ ကော်မတီဥက္ကဌ Ms. Jane Mugafalu Kabui က အဆိုပြုခဲ့ပြီး မဲခွဲခြင်းမရှိဘဲ အတည်ပြုခဲ့ပါတယ်။

ဖြန့်ဝေနေတဲ့ သတင်းတုအများစုဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ သတင်းတွေကို ကိုးကားပြီး အမှားအမှန် ရောထွေး နေတဲ့ အကြောင်းအရာတွေ၊ ဗီဒီယိုကာဗာပေါ်မှာ ရေးထားတဲ့ အကြောင်းအရာနဲ့ ဗီဒီယိုအတွင်းက အကြောင်းအရာ လွဲနေတာတွေနဲ့ ခေါင်းစဉ်မတူတဲ့ တခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတဲ့ အကြောင်းအရာတွေ အများဆုံးဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

Tags:

Related Stories