HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သရုပ်ဆောင် ခိုင်နှင်းဝေဆီက အလှူငွေတွေ စစ်ကောင်စီ သိမ်းဆည်းတယ်ဆိုတဲ့ သတင်းအမှား

သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ရေဘေးအလှူခံထားတဲ့ အလှူငွေ သိန်းငါးထောင်ကျော်ကို စစ်ကောင်စီက သိမ်းဆည်း သွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အကြောင်အရာဟာ သတင်းအမှားသက်သက်သာဖြစ်ပါတယ်။

By - Boom Live Myanmar | 16 Sep 2024 12:46 PM GMT

ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာတွေပေါ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။ ဖြန့်ဝေရာမှာ 'ခိုင်နှင်းဝေလှူမဲ့ရေဘေး အလှူငွေ သိန်း၅၀၀၀ကျော်ကို "သူတို့လုပ်မယ် သူတို့ကိုအပ်" ဆိုပြီး စကစ က သိမ်းသွားတယ်တဲ့' ဆိုတာမျိုး ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ တမင်လုပ်ကြံဖန်တီးပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ တရားဝင်ဖေစ့်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်မှာ တင်ထားတဲ့ ပိုစ့်မှာ အလှူငွေတွေ လှူဒါန်းတယ်ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ ဖြန့်ဝေထားပါတယ်။

သူမရဲ့ပို့စ်မှာ ပါဝင်တဲ့ အချက်အလက်တွေထဲသိန်းရာချီ လှုဒါန်းထားခဲ့ကြောင်း အချက်အလက်တွေပါဝင်ပါတယ်။

မူရင်းရေးသားမှုမှာ "

ရွာ (၂) ရွာ ပေါင်း အိမ်လုံးဝ ပြိုသွားသော အိမ်ခြေ (၂၅) အိမ် အတွက် တစ်အိမ်ထောင်လျှင် သိန်း (၂၀) စုစုပေါင်း သိန်း (၅၀၀) ၊
အိမ်ထောင်စု (၁၀၀) အတွက် တစ်အိမ်ထောင် (၁) သိန်း ဖြင့် သိန်း (၆၀၀) နှင့်
အိမ်သုံးပစ္စည်းများ တို့ကို စ,တင် ကူညီ ဝေမျှပေးခဲ့ပါတယ်
…လို့ ထည့်သွင်းရေးသားထားပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ တရားဝင်ဖေစ့်ဘွတ်အကောင့်မှာ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

မြန်မာနိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေနဲ့အတူ သတင်းတု၊ သတင်းမှားတွေ အများအပြားလည်း ထွက်ပေါ်နေပြီး တချို့အအကြောင်းအရာတွေထဲမှာ လိမ်ည် အလှုခံဒါတွေရှိသလို၊ ရေဘေးနဲ့ပတ်သက်ပြီးသတင်းရင်းမြစ်မခိုင်လုံတဲ့ အချက်အလက်ဖြန့်ဝေမှုတွေလည်းရှိနေပါတယ်။


Related Stories