HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လားရှိုးမြို့ တရုတ်သံရုံးကို စစ်တပ်ဗုံးမှားကျဲတယ်ဆိုတဲ့ သတင်းအမှား

လားရှိုးမြို့ က တရုတ်သံရုံးပေါ်ကို စစ်ကောင်စီလေယာဉ်တွေက ဗုံးမှားကျဲချမီတဲ့အတွက် တရုတ်သံအရာရှိ အပါအဝင် တရုတ်လူမျိုး (၈၀) ကျော် သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 Sept 2024 1:20 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Star Vibes ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည် ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လားရှိုးမြို့ တရုတ်သံရုံးကို စစ်တပ်ဗုံးမှားကြဲ။ တရုတ်သံအရာရှိနဲ့ တရုတ်လူမျိုး (၈၀) ကျော် သေဆုံး။ မင်းအောင်လှိုင် သေတွင်းတူးမိပြီ။ ရာဇသံပေးပြီဟေ့' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

လားရှိုးမြို့ တရုတ်သံရုံးကို စစ်တပ်ဗုံးမှားကျဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့ အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာတော့ အခြားသတင်းဌာနတွေရဲ့ သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

လားရှိုးမြို့မှာ တရုတ်သံရုံး မရှိသလို စစ်တပ်ဗုံးကျဲချမှုအတွင်း တရုတ်သံအရာရှိ အပါအဝင် တရုတ်လူမျိုး (၈၀) ကျော် သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက မကြာခဏ ဗုံးကျဲတိုက်ခိုက်မှုတွေ ရှိနေတယ်ဆိုပေမယ့် တရုတ်လူမျိုး အများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းက သတင်းအမှားပဲ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories