HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်စုကို ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းခွင့်ပြုလိုက်ပြီဆိုတဲ့ သတင်းအမှား

သတင်းဟောင်းကို အသုံးပြုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 26 Oct 2023 9:43 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mommy Thet 167 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံအသုံးပြုကာ ‘ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီ’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုရဲ့ အစပိုင်းမှာ ၂၀၁၀ ခုနှစ် နိုင်ဝင်ဘာ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့ အမိန့်စာကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲ့ချုပ် ဗိုလ်မှူးချုပ် ခင်အေးက ရှင်းလင်းဖတ်ကြားတယ်ဆိုတဲ့ သတင်းဟောင်းကို ပြန်လည်အသုံးပြုကာ နောက်ပိုင်းမှာ အခြားအကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောထားတဲ့ ဗီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ ပါတဲ့ လွတ်ငြိမ်းချမ်းသာခွင် သတင်းဟာ ၂၀၁၀ ခုနှစ်က သတင်းဟောင်းသာ ဖြစ်ပြီး လက်ရှိအချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ နေပြည်တော် အကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ မည်သည့်သတင်းဌာနမှာမှ ဖော်ပြထားခြင်း မရှိသလို စစ်ကောင်စီဘက်ကလည်း ကြေညာထားတာ မရှိပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင် Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories