ဒီအကြောင်းအရာကို Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်မနိုင်တော့ဘူးလို့ တိုက်ရိုက်ပြောပြီ။ မင်းအောင်လှိုင်ကို တရုတ်သတိပေးပြီ။ နောက်ဆုံးအခွင့်အရေးနဲ့ တွေ့ဆုံပေးခဲ့ပြီး ငြိမ်းချမ်းရေးမလုပ်ရင် တော်လှန်ရေး အင်အားစုက နေပြည်တော်တိုက်မည်ဟု တရုတ်သတိပေး' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင်ကို တရုတ်သတိပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဧရာဝတီ သတင်းဌာနမှာ နိုဝင်ဘာ ၈ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် မတိုက်နိုင်' ဆိုတဲ့ ဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးထဲမှာ တရုတ်နဲ့ မြန်မာစစ်တပ်ရဲ့ ဆက်ဆံရေးကို ဆောင်းပါးရှင်ရဲ့ အမြင်ဘက်က ရေးသားထားတာပါ။
ဒီဆောင်းပါးထဲမှာ စစ်ခေါင်းဆောင်ကို တရုတ်သတိပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။