HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပြင်ဦးလွင်မြို့မှာ တိုက်ပွဲတွေဖော်ဆောင်ဖို့ တရုတ်အမိန့်ပေးတယ်ဆိုတဲ့ သတင်းအမှား

တရုတ်က ပြင်ဦးလွင်မှာ တိုက်ပွဲဖော်ခိုင်းတဲ့အတွက် တရုတ်တွေကို ပစ်ခတ်ဖမ်းဆီးမိန့် ထုတ်ထားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 Dec 2024 7:58 PM IST

ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြင်ဦးလွင် အရေးပေါ်ကြေညာ။ ပြင်ဦးလွင်ကို တရုတ် တိုက်ပွဲ ဖော်ခိုင်းပြီ။ တရုတ်မှန်သမျှ ဖမ်းဆီး ပစ်မိန့်ပေးနေ။ ဒီနိုင်ငံရေး မရိုးသားတော့ဘူး' လို့ ရေးသား ထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ပြင်ဦးလွင်မြို့မှာ တိုက်ပွဲတွေဖော်ဆောင်ဖို့ တရုတ်အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြန့်ဝေထားတဲ့ 'နှစ်သစ်ကူး ကာလ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီက မသင်္ကာတဲ့လူငယ်တွေကို ပစ်မိန့်ပေးထား' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာထဲမှာ ပြင်ဦးလွင်မြို့မှာ တိုက်ပွဲတွေဖော်ဆောင်ဖို့ တရုတ်အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

သတင်းထဲမှာ စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မြို့မှာ နှစ်သစ်ကူးကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိမ့်ဝင်လာပြီး ဖောက်ခွဲမှုတွေ လုပ်မှာစိုးရိမ်လို့ဆိုကာ ညလုံးပေါက် အရပ်ဝတ်နဲ့ လုံခြုံရေးတွေချထားကြောင်း၊ လူစုလူဝေးနဲ့ လာတဲ့ လူငယ်တွေကို အဓိကထား စောင့်ကြည့်ခိုင်းထားပြီး မသင်္ကာရင် ပစ်မိန့်ပါပေးထားကြောင်း ရေးသားဖော်ပြထားတာပါ။

People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories