HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ခေါင်းဆောင် သမီးရဲ့ သတင်းထူးဆိုတဲ့ သတင်းအမှား

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမီးရဲ့ သတင်းထူးဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ နောက်ပြောင်ဖြန့်ဝေနေတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 23 Aug 2023 5:55 PM IST

ဒီအကြောင်းအရာကို Paw Luh React ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၂၁ ရက် နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မင်းအောင်လှိုင်နဲ့ သူ့သမီး အထူးသတင်းလို့ ပြောကြတာပဲ။ မအလ သမီးရဲ့ အထူးသတင်း’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ စစ်ခေါင်းဆောင်ပုံတွေကို ဗီဒီယိုနဲ့ ပြုပြင်ပြီး နောက်ပြောင်ထားတဲ့ ရုပ်သံဖိုင်သာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ထဲမှာ ‘မင်းအောင်လှိုင်နဲ့ သူ့သမီး အထူးသတင်းနဲ့ ပက်သတ်တာတွေ ပါဝင်တာ မရှိပါဘူး။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ကို ပုံစံအမျိုးမျိုးနဲ့ တော်လှန်နေကြတယ် ဆိုပေမယ့် သတင်းတွေ၊ အချက်အလက်တွေကို ဝေဝါး ရှုပ်ထွေးမှု မရှိစေဖို့ သတိထားရမှာ ဖြစ်ပါတယ်။

ဒီလိုအကြောင်းအရာတွေကို ဖြန့်ဝေတဲ့အခါ ခေါင်းစဉ်မှာ လူအများစိတ်ဝင်စားဖို့ တီထွင် ရေးသားနိုင်ပေမယ့် သတင်းတွေ၊ အချက် အလက်တွေ ကောက်ယူရာမှာ ညှိစွန်းနိုင်တဲ့ စကားလုံး (ဥပမာ - သတင်းထူး၊ သတင်း) မျိုးတွေကို ရှောင်ပြီး ရေးပေး‌စေလိုပါတယ်။

Tags:

Related Stories