HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရန်ကုန်မြို့နယ်တရားရုံး ဗုံးပေါက်ကွဲပြီး တရားသူကြီးတွေ သေဆုံးဆိုတဲ့ သတင်းအတု

ရန်ကုန်မှာ မြို့နယ်တရားရုံးဗုံးပေါက်ကွဲပြီး တရားသူကြီး ၉ ဦးနဲ့ ဝန်ထမ်း ၃ ဦး သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 Nov 2023 11:06 AM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံတစ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၂၃ ရက်နေ့ အရေးပေါ်သတင်း။ ရန်ကုန်မြို့နယ်တရားရုံးဗုံး (၅) လုံး ဖောက်ခွဲခံရ။ မတရားသူကြီး (၉) ဦးနဲ့ ဝန်ထမ်း (၃) ဦးသေဆုံး။ လုံးဝ အပြင်မထွက်ကြပါနဲ့။ အရေးပေါ်ပြီ။” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ၃ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၇၀၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရန်ကုန်မှာ မြို့နယ်တရားရုံးဗုံးပေါက်ကွဲပြီး တရားသူကြီး ၉ ဦးနဲ့ ဝန်ထမ်း ၃ ဦး သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

မြောက်ပိုင်း မဟာမိတ်တွေက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ တနိုင်ငံလုံး စစ်ရေးအရှိန်မြှင့်တင်ခဲ့ပြီး ရန်ကုန်မြို့ပေါ်မှာလည်း ပျောက်ကြားသပိတ်တွေ၊ နေရာအချို့မှာ ဗုံးပေါက်ကွဲမှု အနည်းငယ် ရှိခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးကို ဗုံးတွေ ဖောက်ခွဲတဲ့ ဖြစ်စဉ်နဲ့ တရားသူကြီး ၉ ဦးခန့် သေဆုံးတဲ့ ဖြစ်စဉ်မရှိသေးပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာလည်း လှည်းကူးမြို့နယ်တရားရူံးကို တိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့် တရားရုံးပိတ်ထားတယ်ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories