HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG ကို ထောက်ပံ့မယ့် လက်နက်တွေ အမေရိကန်သမ္မတ တရားဝင်ကြေညာတယ်ဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ပံ့မယ့်လက်နက်တွေကို အမေရိကန်သမ္မတဂျိုးဘိုက်ဒန်က တရားဝင်ကြေညာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 Jan 2023 4:45 PM GMT

အဆိုပါ သတင်းအတုကို TepPon News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ NUG သမ္မတရဲ့ ဓါတ်ပုံနဲ့ အမေရိကန်သမ္မတဂျိုးဘိုက်ဒန်ရဲ့ ဓါတ်ပုံကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “သတင်းထူး NUG ကို ထောက်ပံ့မဲ့ လက်နက်များ အမေရိကန် သမ္မတသစ် ဂျိုးဘိုက်ဒန် တရားဝင်ကြေငြာ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို like လုပ်ထားသူ ၉၁၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂ သိန်းကျော်ရှိကာ ထပ်ဆင့်ဝေမျှသူတွေလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

NUG ကို ထောက်ပံ့မယ်လက်နက်တွေ အမေရိကန် သမ္မတဂျိုးဘိုက်ဒန်က တရားဝင်ကြေညာထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အမေရိကန်က အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာ ဥပဒေ NDAA ကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အောက်လွှတ်တော် အထက်လွှတ်တော်တို့ကနေမဲခွဲဆုံးဖြတ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန်က အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ဒီ ဥပဒေထဲမှာ အမေရိကန်အသုံးစရိတ်ထဲက မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် အကာအကွယ်ပေးမယ့် Burma Act ဆိုတာ ပါဝင်လာပြီး မြန်မာနိုင်ငံက အမေရိကန်ထံကနေ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ အကူအညီတွေ ရရှိမှာဖြစ်ပါတယ်။ ရရှိမယ့် အကူအညီထဲမှာ NUG ၊ PDF နဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို နည်းပညာအကူအညီတွေနဲ့ ငွေကြေးထောက်ပံ့မှာဖြစ်ပြီး လက်နက်အကူအညီ ပေးရေးတော့ မပါဝင်ပါဘူး။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေက NUG ကို ထောက်ပံ့မယ့်လက်နက်တွေ အမေရိကန်သမ္မတဂျိုးဘိုက်ဒန်က ကြေညာတယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာ ဒီအကြောင်းအရာ လုံးဝ မပါဝင်ပါဘူး။ Video အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်မှာလားဆိုတဲ့ သုံးသပ်ချက် တစ်ခုသာ ပါဝင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories