HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီ မိသားစု ရုပ်ဖျက်ပြီးပြည်ပ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစု ရုပ်ဖျက်ပြီး ပြည်ပထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 21 Feb 2023 12:21 PM IST

အဆိုပါ သတင်းအတုကို War War Oo ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ခွဲကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆို Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်၊ ၎င်းရဲ့ မိန်းမနဲ့ သားသမီးတွေပါဝင်တဲ့ ဓါတ်ပုံရယ်ကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “18 ရက်နေ့ စစ်အုပ်စု အကြပ်ရိုက်ကုန်ပြီ၊ မအလမိသားစု ပြည်ပကို ရုပ်ဖျက်ပြီးထွက်ပြေးကုန်ပြီဗျို့၊ အမေရိကန်ပေါ်တင်ဝင်စွပ်ဖက်ပြီဟေ့” (သတ်ပုံ မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၅၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၅၆၀၀၀ ကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုတွေ ရုပ်ဖျက်ပြီး ပြည်ပထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ပြည်ပကိုထွက်ပြေးခြင်းမရှိပါဘူး။ ပြည်တွင်းမှာသာ ၎င်းရဲ့ ယခင်နေရာ ရာထူးအတိုင်းရှိနေဆဲ ဖြစ်ပါတယ်။ သတင်းအမှားဖြန့်သူတွေကသာ လိမ်ညာရေးသားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတို့ ဖြန့်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ စစ်ဗိုလ်ချုပ်တွေက ၎င်းတို့ရဲ့ မိသားစုဝင်တွေအတွက် အမည်နာမည် ၃ မျိုးနဲ့ နိုင်ငံကူးလက်မှတ်နဲ့ မှတ်ပုံတင်တွေ ထုတ်ပေးထားတယ်ဆိုတဲ့ အကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories