သတင်းအတု

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအတု

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအတုတစ်ခု ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 6 Sept 2023 10:39 AM IST

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို Cele Update ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး “အားလုံးအတွက် အရေးကြီးတဲ့ သတင်းပါ” လို့ ရေးသားကာ website တစ်ခုရဲ့ link ရယ် ဓါတ်ပုံတစ်ပုံရယ်ကိုသုံးကာ ဖြန့်ထားပါတယ်။ အဆိုပါ ဓါတ်ပုံရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရယ်၊ စစ်ကောင်စီပြန်ကြားရေးက ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၂၈ ရက် စစ်တွေမှာ တွေ့ဆုံပွဲ လုပ်နေတဲ့ မင်းအောင်လှိုင် လုပ်ကြံခံရ၊ နိုင်ငံတော် အရေးပေါ် မဲလုံးကြေငြာ” (အရေးအသား မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရခိုင်ပြည်နယ်မှာ လုပ်ကြံခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ရခိုင်ပြည်နယ်မှာ လုပ်ကြံခံရခြင်း မရှိသလို မည်သည့်နေရာမှာမှ လုပ်ကြံခံရခြင်း မရှိပါဘူး။ စစ်ကောင်စီခေါင်းဆောင်ဟာ ၎င်းရဲ့ လုပ်ငန်းတာဝန်တွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင် နေဆဲသာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့် သတင်းဌာန ၊ မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော် ရေးသားထားခြင်းလည်း မရှိပါဘူး။

သတင်းအမှား ဖြန့်သူတွေ တင်ထားတဲ့ Website link ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Website link ထဲမှာ တစ်ခြားသတင်းတွေ၊ တစ်ခြား အကြောင်းအရာတွေ ကိုသာဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Page ကို စစ်ဆေးကြည့်တဲ့အခါမှာ ၎င်းတို့ပေးထားတဲ့ Website Link ကို Click နှိပ်ပြီး ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ထားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories