HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

AA က ရခိုင်ပြည်နယ်မှာ လူကုန်ကူးကာ မူးယစ်ဆေးဝါးနဲ့ လဲလှယ်နေတယ်ဆိုတဲ့ သတင်းအတု

အာရက္ခတပ်တော် AA က ရခိုင်ပြည်မှာ လူကုန်ကူးကာ မူးယစ်ဆေးဝါးနဲ့ လဲလှယ်နေတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 18 July 2024 3:47 PM GMT

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကနေတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “AA ခဲဝါအဖွဲ့က ရခိုင်ပြည်နယ်မှာ လူကုန်ကူးကာ မူးယစ်ဆေးဝါးနဲ့ အလဲအလှယ်ပြုလုပ်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ AA အဖွဲ့ဟာ ဘင်္ဂလားဒေ့ချ်နိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့ မွတ်စလင်တွေကို ၁ ဦးကို ကျပ်သိန်း ၇၀ နှုန်းနဲ့ မြန်နိုင်ငံက မြို့ကြီးတွေကို ပို့ဆောင်နေကြောင်း၊ ရလာတဲ့ ငွေကြေးတွေကို မူးယစ်ဆေးဝါးတွေ ပြန်လည်သယ်ယူက တိုက်ပွဲထဲ အသုံးချနေကြောင်း၊ AA အကြီးအကဲတွေက လက်အောက်ငယ်သားတွေကို မူးယစ်ဆေးဝါး သုံးစွဲပြီး တိုက်ခိုင်းတဲ့အတွက် ဆေးကြောင်ပြီး အချင်းချင်း သတ်ဖြတ်နေတာ တွေရှိကြောင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စ် စာမျက်နှာပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

အာရက္ခတပ်တော် AA က ရခိုင်ပြည်မှာ လူကုန်ကူးကာ မူးယစ်ဆေးဝါးနဲ့ လဲလှယ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းထဲကနေ အထိနာနေကာ ရခိုင်ပြည်မှာလည်း နယ်မြေတွေ အဆက်မပြတ် အသိမ်းခံနေရပါတယ်။ ရခိုင်မှာ တပ်ရင်းလိုက် အဖမ်းခံရတာ ထွက်ပြေးတာတွေ၊ သေဆုံးတာတွေ မြင့်တက်လာတဲ့အတွက် AA အပေါ် သတင်းအမှားတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေကြတာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ချ် ဒုက္ခသယ်စခန်းက ရိုဟင်ဂျာတွေကို AA က တစ်ယောက် သိန်း ၇၀ နဲ့ မြန်မာနိုင်ငံက မြို့တွေကို ပို့ဆောင်ပေးတဲ့ဖြစ်စဉ်မရှိသေးသလို AA က တပ်သားတွေကို မူးယစ်ဆေးသုံးစွဲခိုင်းတာ အချင်းချင်းသတ်ဖြတ်နေတဲ့ဖြစ်စဉ်လည်း မရှိပါဘူး။ စစ်ကောင်စီထောက်ခံသူတွေကသာ ဝါဒဖြန့် ရေးသားထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories