HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

AA နဲ့ စစ်ကောင်စီ အပစ်ရပ်ကြောင်း ကြေညာဆိုတဲ့ သတင်းအတု

ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီနဲ့ အပစ်ရပ်ကြောင်းကြေညာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 31 March 2024 11:51 AM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၂6 ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီဝန်ကြီးတစ်ဦးဖြစ်သူ ဒေါ်သက်သက်ခိုင်ရဲ့ ဓါတ်ပုံရယ်၊ ရေးဘီးလူး တော်လှန်ရေးအဖွဲ့ခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်၊ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းခံထားရသူတွေရယ် သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “စစ်မှုထမ်းပေါ်တာဆွဲခံရတဲ့လူငယ် ၁၈၉ ဦး ပစ်သတ်ခံရ။ အမြန်ရှယ်ပေးကြပါ။ AA နဲ့ စစ်ကောင်စီ အပစ်ရပ်လိုက်ကြောင်း ကြေညာ။ ဒေါ်သက်သက်ခိုင်ကို ရေးဘီလူးအဖွဲ့ လုပ်ကြံ” (သတ်ပုံ မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရက္ခိုင်တပ်တော် AA က စစ်ကောင်စီနဲ့ အပစ်ရပ်ကြောင်းကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစပြီး စစ်စခန်းပေါင်းများစွာ နယ်မြေများစွာ သိမ်းယူခံခဲ့ရပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရှမ်းမြောက်မှာ အပစ်ရပ် သဘောတူညီမှုတစ်ချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေဟာ မတရားအထိနာနေပြီး အခုလို စစ်မှုထမ်းဥပဒေကို အတင်းအကြပ် အကောင်အထည်ဖော်လာတာပဲ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် AA နဲ့တော့ အပစ်ရပ်ခြင်း လက်မှတ်ထိုးခြင်း မရှိဘဲ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories