HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထောင်ထဲမှာ ဒေါ်စု မွေးနေ့ပွဲကျင်းပတယ်ဆိုတဲ့ သတင်းအတု

ဖမ်းစီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာသူ့ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ကျင်းပခဲ့တဲ့ မြင်ကွင်းတွေလို့ထွက်ပေဓလာသယောင် ဖြန့်ထားတဲ့ သတင်းအတုတစ်ပုဒ် ဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 20 Jun 2023 9:23 AM IST

အဆိုပါ သတင်းအတုကို MAYA HH ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ကျင်းပနေတဲ့ ဓါတ်ပုံအဟောင်းတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “နေပြည်တော် အချုပ်ထောင်ထဲမှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်ပြည့်မွေးနေ့ပွဲ မြင်ကွင်းများ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ထပ်မံရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့သူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

နေပြည်တော်အချုပ်ထောင်မှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ မြင်ကွင်းများဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၁၉ မှုလုံးဟာ အမိန့်ချမှတ်ပြီးပြီ ဖြစ်တဲ့အတွက် ရှေ့နေတွေနဲ့ ယခင်လို တွေ့ခွင့်မရတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဝင်စာ ပို့ရတဲ့နေ့ဟာ တနင်္လာနေ့ဖြစ်ပြီး ၇၈ နှစ်မြောက် မွေးနေ့ဟာလည်း တိုက်ဆိုင်စွာ တနင်္လာနေ့ ဖြစ်တဲ့အတွက် ထောင်ဝင်စာနဲ့အတူ မွေးနေ့ကိတ်ကို ပို့ဆောင်ပေးနိုင်ပေမယ့် အချုပ်ထောင်ထဲ အတူတူ မွေးနေ့ကျင်းပခွင့် မရသလို မွေးနေ့နဲ့ ပတ်သက်ပြီး ဓါတ်ပုံမှတ်တမ်းလည်း ရိုက်ခွင့်မရှိပါဘူး။

သတင်းအမှားဖြန့်သူတွေက ယခင်ပုံဟောင်းတွေသုံးပြီး ၎င်းတို့ သတင်းကို လူအများဝင်ရောက်ကြည့်ရှုအောင် လိမ်ညာဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့ဖြန့်ထားတဲ့ Video အထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် အချုပ်ထောင်ထဲ မွေးနေ့ကျင်းပတဲ့အကြောင်းအရာ မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories