HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

AA က ချင်းပြည်နယ်ကို သိမ်းပိုက်မယ် ဆိုတဲ့ သတင်းအတု

ရက္ခိုင့်တပ်တော် AA က ချင်းပြည်နယ်ကို သိမ်းပိုက်မယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဖြန့်ဝေထားပါတယ်။

By - Boom Live Myanmar | 27 Jun 2023 8:23 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုကနေ စတင်ဖြန့်ဝေထားပြီး ဖေ့စ်ဘွတ်စာမျက်နှာပေါ် ထပ်ဆင့် ဖြန့်ဝေထားပါတယ်။ ၎င်း သတင်းအမှား Video ရဲ့ နောက်ခံ ဓါတ်ပုံမှာ AA စစ်ဦးစီးချုပ်ဓါတ်ပုံရယ် လက်နက်ကိုင်တပ်ရင်းတွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို ပေါင်းစပ် ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “အာဏာသိမ်းချိန်မှာ ချင်းပြည်နယ်ကို သိမ်းပိုက်မယ့် အေအေရဲ့ ယုတ်မာတဲ့ အကြံစည်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ Video ကို လူမှုကွန်ယက်တွေပေါ် ဖြန့်ဝေရာမှာလည်း “ချင်းပြည်နယ်ကို သိမ်းပိုက်မဲ့ အေအေရဲ့ ယုတ်မာတဲ့အကြံစည်” လို့ ထပ်မံရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်တပ်က အာဏာသိမ်းထားချိန်မှာ ရက္ခိုင့်တပ်တော် AA က ချင်းပြည်နယ်ကို အပိုင်သိမ်းဖို့ ကြံနေတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

AA ဟာ ချင်းပြည်နယ်ကို သိမ်းပိုက်လို့ မရသလို သိမ်းပိုက်ဖို့ ထုတ်ဖော်ပြောဆိုတာ ကြိုးပမ်းနေတာ တစ်စုံတစ်ရာ အထောက်အထား မတွေ့ရပါဘူး။ ချင်းပြည်နယ် ပလက်ဝမြို့မှာ AA နဲ့ စစ်ကောင်စီတပ်တွေ ယခင်တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ချင်းပြည်နယ်ကို AA က သိမ်းဖို့ ကြံစည်နေတယ်ဆိုတဲ့ အမုန်းစကားဖြန့်ဝေ ရန်တိုက်မှု တစ်ချို့ရှိခဲ့ပါတယ်။

ဒီ Video အတွင်းမှာလည်း AA ဟာ အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်ထားကြောင်း၊ မီဒီယာပေါ်မှာသာ စစ်ဆင်ရေးလုပ်လေ့ရှိကြောင်း၊ ပလက်ဝ ဘက်မှာ တပ်စွဲထားတဲ့ AA တပ်ဖွဲ့ဝင်တွေက ချင်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရေရှည် ပြဿနာ မဖြစ်ပွားအောင် ညှိနှိုင်းမှု ပြုလုပ်သင့်ကြောင်း ဖော်ပြထားပါတယ်။ ချင်းပြည်နယ်ကို AA က သိမ်းပိုက်မယ့်အကြောင်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories