HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

AA က ရန်ကုန်-စစ်တွေ ကုန်စည်သင်္ဘောတွေကို တရားမဝင် ပစ္စည်းသယ်ဆောင်ခိုင်းတယ်ဆိုတဲ့ သတင်းအတု

အာရက္ခတပ်တော် AA က ရန်ကုန်-စစ်တွေ ကုန်စည်သင်္ဘောတွေက တရားမဝင် ပစ္စည်းတွေ သယ်ဆောင်ခိုင်းတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 17 Aug 2024 1:37 PM GMT

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “AA ခဲဝါအဖွဲ့က ရန်ကုန်-စစ်တွေလာတဲ့ ကုန်စည်သင်္ဘောတွေကို တရားမဝင် ပစ္စည်းများခြိမ်းခြောက်သယ်ဆောင်ခိုင်း” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ ရခိုင်ပြည်နယ်က ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ အတွက် ရေကြောင်းကနေ ကုန်ပစ္စည်း တင်ဆောင်ခွင့်ပေးထားပြီး AA က သူတို့ထိန်းချုပ်နယ်မြေဆီကို စားသောက်ကုန်နဲ့ လူသုံးကုန်တွေ ခိုးဝှက်သယ်ဆောင်ခိုင်းတဲ့အပြင် သင်္ဘောပိုင်ရှင်တွေကို ခြိမ်းခြောက်ပြီး တရားမဝင် ပစ္စည်းတွေ အဓ္ဓမ သယ်ဆောင်ခိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

အာရက္ခတပ်တော် AA က ရန်ကုန်-စစ်တွေ ကုန်စည်သင်္ဘောတွေက တရားမဝင် ပစ္စည်းတွေ သယ်ဆောင်ခိုင်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

AA က ၎င်းတို့ရဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်တာတွေကို ၎င်းတို့ရဲ့ လမ်းကြောင်းနဲ့သာ ပြုလုပ်နေတာဖြစ်ပြီး ကုန်သင်္ဘောတွေကို အတင်းအဓမ္မ ပစ္စည်း သယ်ခိုင်းတယ်ဆိုတာကတော့ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်မှာ နယ်မြေပေါင်းများစွာ ဆုံးရှုံးနေပြီး စစ်စခန်းတွေ အသိမ်းခံရတာတွေ၊ ကျဆုံးမှုမြင့်တက်နေတာတွေ၊ ဖမ်းဆီးခံရမှုတွေကြောင့် စစ်ကောင်စီထောက်ခံသူတွေဘက်က ဝါဒဖြန့် သတင်းအမှားပေါင်းများစွာနဲ့ အခုလို ဖြန့်ဝေထားကြတာပဲ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories