HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသူသေဆုံးမှုကို PDF တွေလက်ချက်အဖြစ် သတင်းသတင်းအမှားဖြန့်

အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒ နောက်ဆုံးနှစ် ကျောင်းသူသေဆုံးမှုအပေါ်လမ်းကြောင်းလွဲစေဖို့ဖန်တီးထားတဲ့ သတင်းအမှားတစ်ပုဒ်ကို ဒီရက်ပိုင်းအတွင်းဖြန့်ဝေလျက်ရှိပါတယ်။

By - Boom Live Myanmar | 21 May 2022 7:02 PM IST

အဆိုပါ သတင်းအမှားကို မှိုင်းဝေဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မေ ၁၉ ည ၈ နာရီ ၅၇ မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားအတွင်းမှာ "အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒ နောက်ဆုံးနှစ်ကျောင်းသူအား PDFများမှ ကျောင်းတက်သည့်အတွက်ဟုဆိုကာ သေနတ်ဖြင့် နားထင်ကို ၂ ချက်ဆင့်ပစ်ခတ် သွားကြောင်း သိရပါတ။ သေဆုံးသူမှာ NLD အမာခံ ဟု သိရ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၃၀၀ နီးပါးရှိနေပြီး ထပ်ဆင့်ဝေမျှထားသူ ကူးယူဖော်ပြထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ယခုသေဆုံးတဲ့ အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသူဟာ သာကေတမြို့နယ်က အထည်ဆိုင်က အသက် ၂၂ အရွယ် မဟန်နီဦးတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး သူမကို သွေးသောက်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။သွေးသောက်အဖွဲ့ဟာ မဟန်နီဦးရဲ့ ဦးလေးဖြစ်သူ ဦးရဲနိုင်အောင် ကိုလာရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ဦးလေးဖြစ်သူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်တဲ့အတွက် သွေးသောက်အဖွဲ့က လာရောက် ပစ်ခတ်ရာမှာ ဆိုင်အတွင်းရှိနေတဲ့ မဟန်နီဦးကို နထင်ကိုတေ့ကာ နှစ်ချက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

မဟန်နီဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်ပါ။ ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦး အသတ်ခံရမှုဟာ သတင်းအမှားဖြန့်ထားသူတွေ ရေးသားထားသလို ကျောင်းပြန်တက်လို့ PDF က လာရောက်ပစ်ခတ်တာ မဟုတ်ပါဘူး။ သူမရဲ့ ဦးလေးဖြစ်သူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်တက်ကြွကြွ လှုပ်ရှားခဲ့သူဖြစ်တာကြောင့် သွေးသောက်အဖွဲ့က လာရောက် ပစ်ခတ်ခြင်းသာ ဖြစ်ပါတယ်။

Tags:

Related Stories