HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒူဘိုင်းက မုန်တိုင်းကြီးဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်

ဒူဘိုင်းမှာ မုန်တိုင်းကြီး တိုက်ခတ်နေတဲ့ ပုံစံဖန်တီးထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 Jun 2024 3:14 AM GMT

ဒီဗီဒီယိုဖိုင်ကို လူမှုကွန်ယက် သုံးစွဲသူတွေကြား ဇွန်လ ၂၀ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး လေဆင်နှာမောင်း တိုက်ခတ်နေတဲ့ ပုံစံ ဗီဒီယိုဖိုင်နဲ့အတူ 'Dubai Storm, Scary nature' (ဒူဘိုင်းမုန်တိုင်း၊ ကြောက်စရာ သဘာဝ) လို့ အဓိပ္ပါယ်ရတဲ့ စာရေးသားထားပါတယ်။

ရေးသားဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒူဘိုင်းက မုန်တိုင်းကြီးဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ကူးယူပြီး စာရေးပြီး ပြန်လည် ဖြန့်ဝေထားတာ ဖြစ်တာကို တွေ့ရပါတယ်။

abseayer ဆိုတဲ့ Instagram အကောင့်မှာ ဧပြီလ ၁၈ ရက်နေ့က ဖြန့်ဝေထားတဲ့ 'Habibi come to Dubai' ဆိုတဲ့ ဗီဒီယိုဖိုင်ကို ကူးယူပြီး ဒူဘိုင်းက မုန်တိုင်း (Dubai storm) ဆိုပြီး ပြန်လည်ဖြန့်ဝေထားတာသာ ဖြစ်ပါတယ်။


မူရင်းဖြန့်ဝေမှုမှာလည်း ဒီဗီဒီယိုဖိုင်ဟာ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ မိုးတိမ်တွေသာ ဖြစ်တဲ့အကြောင်း ရေးသားထားပြီးဖြစ်ပါတယ်။

abseayer ဆိုတဲ့ Instagram အကောင့်မှာ AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံအများအပြား ဖြန့်ဝေထားပါတယ်။

ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Related Stories