HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒုချုပ်စိုးဝင်းနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ဆက်တိုက်ထွက်ပေါ်

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုချုပ်စိုးဝင်းနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ အဆက်မပြတ်ထွက်ပေါ်နေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။

By - Boom Live Myanmar | 19 July 2022 5:38 PM IST

ဒုချုပ်စိုးဝင်းနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက စတင်ပြီး အဆက်မပြတ်ဖြန့်ဝေနေတာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှခရီးစဉ်သွားနေစဉ်မှာ ဖြန့်ဝေမှုတွေ ပိုမိုများပြားလာတာ တွေ့ရပါတယ်။

ဖြန့်ဝေရာမှာ ဒုချုပ်စိုးဝင်း ပြည်သူနဲ့ ပူးပေါင်းတယ်၊ CDM လုပ်တယ်နဲ့ အာဏာလွှဲ ပေးတယ်ဆိုတဲ့ လူအများ စိတ်ဝင်စားစေတဲ့ ခေါင်းစဉ်တွေ အမျိုးမျိုးသုံးပြီး ဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုကို သတင်းမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်အသီးသီးကနေ ဆက်တိုက်ဖြန့်ဝေနေတာဖြစ်ပြီး အချို့ပေချ့်တွေမှာ ထပ်ဆင့်ဖြန့်ဝေမှု သောင်းကျော်အထိ ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒုချုပ်စိုးဝင်းနဲ့ ပတ်သတ်ပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို စတင်ဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် လုပ်ကြံသတင်းတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့ Page တွေဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်တွေကို ဝင်ကြည့်ရင် တခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပြီး ဗွီဒီယိုဖိုင်ရဲ့ ကာဗာပုံမှာရေးသားထားတဲ့ အကြောင်းအရာနဲ့ ဆက်စပ်မှုမရှိတာ တွေ့ရပါတယ်။ ဒါကြောင့် အခုဖြန့်ဝေနေတာဟာ အများပြည်သူ အထင်မှားအောင် လုပ်ကြံထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Tags:

Related Stories