Bulk Vid နဲ့ As7im ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာ ဝင်ရောက်ကြည့်ရှု့များအောင် လုပ်ကြံဖန်တီးထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး သတင်းခေါင်းစဉ်ကို လူအများစိတ်ဝင်စားအောင် ရေးသားကာ သတင်းအမှားတွေကို ဆက်တိုက်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ ပေချ့် ၂ ခုစလုံးမှာ like လုပ်ထားသူ အရေအတွက် ရှစ်သောင်းဝန်းကျင်နဲ့ follower ခြောက်သောင်းဝန်းကျင် ရှိနေပါတယ်။
ဒီဖေစ့်ဘွတ်ပေချ့် နှစ်ခုမှာ တစ်နေ့ကို လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား အနည်းဆုံး ၃ ပုဒ် တင်လေ့ရှိတာလည်း တူညီနေပြီး သတင်းခေါင်းစဉ်ပေးပုံနဲ့ ဓါတ်ပုံတွေပြုပြင် အသုံးပြုပုံခြင်းလည်း ဆင်တူတာကို တွေ့ရပါတယ်။
နိုင်ငံရေးနဲ့ ပါတ်သတ်တဲ့ သတင်းအမှားတွေ အများဆုံးဖြန့်ဝေနေတဲ့ ဒီပေချ့်တွေမှာ "ဗိုလ်ချုပ်ဟာင်း သန်းရွှေရဲ့ အချစ်ဆုံးမြေး ဖိုးလပြည့်ကို စစ်ကောင်စီမှ ဖမ်းဆီး၊ အမေစု အုပ်ချုပ်ရင် မြန်မာနိုင်ငံဟာ ကုလားနိုင်ငံ ဖြစ်မှာမို ဒီနိုင်ငံကနေ အမေစုကို နှင်ထုတ်ဖို သီတဂူဆရာတော် မိန့်ကြား" စတဲ့ ခေါင်းစဉ်တွေ ပေးထားတဲ့ သတင်းအမှားတွေ ဆက်တိုက် ဖြန့်ဝေနေပေမယ့် အချို့ပိုစ့်တွေဟာ ပြန်လည်ဖြန့်ဝေသူ ထောင်နဲ့ချီရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့ပါ။
သတင်းဆန်းစစ်ချက်
Bulk Vid နဲ့ As7im ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေက ဆက်တိုက်ဖြန့်နေတဲ့ သတင်းတွေကို ဝင်ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူ များအောင် လုပ်ကြံဖန်တီးထားတဲ့ Video တွေသာဖြစ်ပြီး သတင်းခေါင်းစဉ်ကို လူအများစိတ်ဝင်စားအောင် ရေးသားကာ ဝင်ရောက်ကြည့်ရှု့သူ အရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေသာ ဖြစ်ပါတယ်။
သတင်းခေါင်းစဉ်မှာ ရေးသားထားတဲ့ အကြောင်းအရာဟာ သတင်းအတွင်းမှာ လုံးဝ ပါဝင်ခြင်းမရှိတဲ့အပြင် ဓါတ်ပုံတွေကိုလည်း လူစိတ်ဝင်စားဖွယ် ပြုပြင်ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှား ဖြန့်ဝေနေတဲ့ ပေချ့် ၂ ကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။