HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဟာရီကိန်းမုန်တိုင်း ဟယ်လင် တိုက်ခတ်နေတဲ့ ဓာတ်ပုံမဟုတ်ပါ

ကမ်းစပ်တနေရာမှာ လေဆင်နှာမောင်းပုံစံ အပြင်းအထန် တိုက်ခတ်နေတဲ့ မုန်တိုင်းတစ်ခုရဲ့ ဓာတ်ပုံကို ဖြန့်ဝေပြီး အပူပိုင်းမုန်တိုင်းဟယ်လင် ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 20 Oct 2024 8:35 PM IST

ဒီအကြောင်းအရာကို Threads ဆိုရှယ်မီဒီယာပေါ်မှာ dancing_doc_usa ဆိုတဲ့ အကောင့်ကနေ အောက်တိုဘာလ ၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာပါ။

ဖြန့်ဝေရာမှာ ဓာတ်ပုံတစ်ပုံနဲ့အတူ 'အပူပိုင်းမုန်တိုင်း ဟယ်လင်ဟာ ဖလော်ရီဒါပြည်နယ် လန်ဒါဖိးလ်ကို တိုက်ခိုက်ပြီးနောက် အခြားပြည်နယ်တွေကို ဆက်လက်ဖျက်ဆီး' လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူ များအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင်လိမ်ညာ ဖန်တီးထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်။

ဖြန့်ဝေနေတဲ့ ဓာတ်ပုံပါတဲ့ ဗီဒီယိုဖိုင်တစ်ခုကို PKietGAMES ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာလ ၈ ရက်နေ့မှာ ဖြန့်ဝေထားပြီး ဗီဒီယိုဖိုင်ပေါ်မှာ 'တရုတ်နိုင်ငံမှာ တိုက်ခတ်နေတဲ့ တိုင်ဖုန်းရာဂီ' လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားထားပါတယ်။


ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒီချန်နယ်က ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ တရုတ်နိုင်ငံမှာ တိုက်ခတ်နေတဲ့ တိုင်ဖုန်းရာဂီ ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် အမှန်ဖြစ်သည် မဖြစ်သည်ထက် ဖြန့်ဝေထားချိန် စက်တင်ဘာလ ၈ ရက်ဟာ မုန်တိုင်း ဟယ်လင် တိုက်ခတ်ချိန်ထက် ရက်ပေါင်းများစွာ စောနေပါတယ်။

ဟာရီကိန်းမုန်တိုင်း ဟယ်လင်ဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါ ကမ်းရိုးတန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းမှာမှ စတင်ဖြတ်သန်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတဲ့ မုန်တိုင်း ဟယ်လင် တိုက်ခတ်နေတဲ့ ဓာတ်ပုံဟာ သတင်းအမှားဖြစ်ပါတယ်။

ဟာရီကိန်းမုန်တိုင်း ဟယ်လင် ဝင်ရောက်တိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ လူ ၄၀ ကျော် အနည်းဆုံး သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း အများအပြား ကြုံတွေ့ခဲ့ပါတယ်။

ဒါ့အပြင် တိုင်ဖွန်းမုန်တိုင်း Yagi ကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတွေမှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၆၀ ဦး ဝန်းကျင် သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Tags:

Related Stories