HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်လက်ထဲ အပ်လိုက်ပြီဆိုတဲ့ သတင်းအတု

ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်လက်ထဲ အပ်လိုက်ပြီလို့ ထိုင်းအစိုးရ ထုတ်ပြန်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 18 Jan 2023 5:29 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ HT new ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အမြောက်အများလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၁၄ နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး US လက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ' ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူတင်သွင်းပေးနေတဲ့ လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်နဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက် သုံးဦးတို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့က ထိုင်းအာဏာပိုင်တွေက စီးနင်း ဖမ်းဆီးခဲ့ပြီး သူတို့ကို မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတို့နဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က စွဲချက်တင် ခဲ့ပါတယ်။

ဒီဖမ်းဆီးမှုမှာ သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်က အဆင့်မြင့်ကွန်ဒိုတစ်လုံးနဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ်တို့ ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်လက်ထဲ အပ်လိုက်ပြီလို့ ထိုင်းအစိုးရ ထုတ်ပြန်လိုက်တယ်’ ဆိုတဲ့အကြောင်းအရာ ပါဝင်ခြင်းမရှိပဲ လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ် အဖမ်းခံခဲ့ရတာနဲ့ ပက်သက်ပြီး ဆွေးနွေးပွဲလုပ်နေတဲ့ အသံဖိုင်ကို နောက်ခံထည့်သွင်းထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ရဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်တဲ့ အထောက်အထားတွေ ရှိနေပေမယ့် ထိုင်းအာဏာပိုင်တွေအနေနဲ့ စစ်ခေါင်းဆောင်ရဲ့ သားသမီးတွေဖြစ်တဲ့ အောင်ပြည်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူထားခြင်းမရှိသေးကြောင်း Justice For Myanmar က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။


Justice For Myanmar က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ စစ်ခေါင်းဆောင်နဲ့ ပက်သက်သူတွေကို အရေးယူပေးဖို့၊ ထိုင်းဘဏ်တွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေ၊ ခရိုနီတွေနဲ့ သူတို့ မိသားစုဝင်တွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းဖို့၊ ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ ထွန်းမင်းလတ် စွဲဆိုခံထားရတဲ့ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးဖို့၊ ထိုင်းဥပဒေချိုးဖောက်မှုတစုံတရာတွေ့ရှိရင် သူတို့ကို တရားစွဲဆိုဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

Justice For Myanmar ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories