ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အင်းစိန်ထောင် ဂိတ်ပေါက်တစ်ခုလုံး ပွင့်ထွက်သွားပြီ’ လို့ ရေးသားကာ ဗွီဒီယိုခေါင်းစဉ်ကိုလည်း ‘ပါဆယ်ပို့ယောင်ဆောင်ပြီး အင်းစိန်ထောင်ကိုဗုံးခွဲ။ ဒုတပ်ရင်းမှူးနဲ့ (၁၂) ဦး ပွဲချင်းပြီးဆုံး’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည်ရှူ့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန် အင်းစိန်ထောင်မှာ မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပေမယ့် ဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်တပ်ဘက်က ဒုတပ်ရင်းမှူးနဲ့ ၁၂ ဦး ပွဲချင်းပြီး သေဆုံးတယ်ဆိုတာ မူရင်းသတင်းပေါ်မှာ ပြုပြင်ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ အင်းစိန်ထောင် အနောက်ဘက်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ အကျဉ်းဦးစီးဝန်ထမ်းတစ်ဦးက အတည်ပြုကြောင်း၊ ကျဉ်းထောင် ဂိတ် (၂) မင်းစေတီဝင်ပေါက်ကို အမည်မသိ လက်နက်ကိုင်တွေက ဗုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အကျဉ်းဝန်ထမ်းတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။