HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မိမိကိုယ်ကို ကာကွယ်ဖို့ သားရေကြိုးပတ်ထားတဲ့ ထုတ်တွေဆောင်ထားဖို့ စစ်ကောင်စီညွှန်ကြားထားသလား

မိမိကိုယ်ကို ကာကွယ်ဖို့ သားရေကြိုးပတ်ထားတဲ့ ထုတ်တွေဆောင်ထားဖို့ မုံရွာမြို့က စစ်ကောင်စီက ဝန်ထမ်းတွေကို မှာထားတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတာတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 29 Nov 2022 9:05 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ The Mercerneries ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် ၁၈ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မုံရွာတွင် အစိုးရဌာနဆိုင်ရာများအား မိမိကိုယ်ကို ကာကွယ်ဖို့ သားရေတုတ်များ ဆောင်ထားကြရန် ညွှန်ကြား' လို့ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်ရင် စစ်ကောင်စီထောက်ခံသူ ကျော်မင်းထွန်း live လွှင့်ပြောဆိုထားတဲ့ အကြောင်းတွေကို Click to Donate ချန်နယ်မှာ ပြန်လည်ဖော်ပြထားတာကို ကူးယူဖော်ပြထားတာပါ။ ဒီထဲမှာ စစ်ကောင်စီထောက်ခံသူ ကျော်မင်းထွန်း live လွှင့်ပြောဆိုထားတာမှာ 'ဒေါ်သက်သက်ခိုင်ရဲ့ Zoom နဲ့ အွန်လိုင်းပေါ်မှာ ပြုလုပ်ခဲ့တဲ့ လူကယ်ပြန်အစည်းအဝေးထဲမှာ ဆန္ဒပြခဲ့တဲ့အကြောင်း၊ မုံရွာမြို့က စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းတွေ ကြောက်လန့်နေရတဲ့အကြောင်းနဲ့ စစ်အစိုးရရဲ့ ညံ့ဖျင်းမှုတွေအကြောင်း' တွေကို ပြောဆိုထားတာဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ကူးယူကိုးကားထားတဲ့ ကျော်မင်းထွန်းရဲ့ Video ဟာလည်း စစ်ကောင်စီက အဲ့ဒီလိုအသိပေးထားတယ်ဆိုတဲ့ အထောက်အထား သို့မဟုတ် ဝန်ထမ်းတွေကိုပေးပို့တယ်ဆိုတဲ့စာမျိုး တွေကို ကိုးကားပြီးပြောဆိုထားတာမဟုတ်ပဲ အချက်အလက်မဟုတ်တဲ့ ထင်မြင်ချက်တွေကို ပြောဆိုထားတာမျိုးဖြစ်ပါတယ်။

The Mercerneries ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေနေတဲ့ သတင်းတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်းရရှိထားတဲ့ အကြောင်းအရာတွေမရှိပါဘူး။

Tags:

Related Stories