HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စက်သုံးဆီတွေ ခွဲတမ်းနဲ့ ရောင်းချမယ်ဆိုတဲ့ သတင်းအမှား

စက်သုံးဆီတွေ ဖြန့်ဖြူးရောင်းချရာမှာ ခွဲတမ်းစနစ်နဲ့ ၃ ရက်ကို ၈ ဂါလံနှုန်းသာရောင်းချမယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေသာ ဖြစ်ပါတယ်။

By - Boom Live Myanmar | 26 Aug 2022 10:06 AM IST

ဒီသတင်းကို ဩဂုတ်လ ၁၁ ရက်နေ့မှာ Myanmar RTAD Agent ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ 'ခွဲတမ်း စနစ်လာပြီ။ ၃ ရက် ၈ ဂါလံနှုန်း' ဆိုတဲ့ခေါင်းစဉ်တစ်ခုတည်းနဲ့ရေးသားဖြန့်ဝေထားပြီးပို့စ်တစ်ခုလုံးမှာ အဲ့ဒီစာကြောင်းတစ်ကြောင်းတည်းသာပါဝင်ပါတယ်။

ဒီအကြောင်းအရာကို ဖြန့်ဝေထားတဲ့ Myanmar RTAD Agent ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ လိုင်စင်မဲ့ကားတွေ အဓိကရောင်းဝယ်နေတာဖြစ်ပြီး ဒေါ်လာစျေးတက်မယ်၊ ရွှေးစျေးတက်မယ် ဆိုတဲ့ အထောက်အထား မခိုင်လုံတဲ့ သတင်းတွေလည်း မကြာခနဖြန့်ဝေနေတာ ရှိပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စက်သုံးဆီတွေကို ခွဲတမ်းစနစ်နဲ့ ၃ ရက်မှာ ၈ ဂါလံနှုန်းရောင်းချမယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားခြင်း မရှိသလို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) ရဲ့ ဝက်ဆိုက်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ လည်း ဖော်ပြထားတာ မရှိပါ။

စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုကို လျော့ချကန့်သတ်မယ်လို့ ထုတ်ဖော်ပြောဆိုလာ အပြီးမှာ စက်သုံးဆီဈေးတွေ ပိုမိုမြင့်မားလာပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင်တနိုင်ငံလုံးမှာ ဆီပြတ်လပ်ကာ ဝယ်ရခက်တဲ့ အနေအထားတွေ ဖြစ်ပေါ်ခဲ့ပါတယ်။စက်သုံးဆီ ဝယ်ယူတာနဲ့ ပတ်သတ်ပြီး အငှားယာဉ်မောင်းတစ်ဦးက ဆီစျေးမြင့်တက်ကာ ဝယ်ယူရခက်တဲ့ အခြေအနေတွေ ရှိနေပေမယ့် ခွဲတမ်းနဲ့ ဝယ်ယူနေရတာတော့ မရှိဘူးလို့ BOOM ကို ပြောပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နောက်ဆုံး ထုတ်ပြန်ထားတဲ့ စျေးနှုန်းကို အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။


ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

စက်သုံးဆီစျေးနှုန်း တက်လာတဲ့အပေါ် ထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ စစ်ကောင်စီဘက်က ဝန်ခံထားပြီး ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူတင်သွင်းဖြန့်ဖြူးနိုင်ဖို့ ဒုတိယဗိုလ်ချုပ်ကြီးညိုစောပါဝင်တဲ့ ၁၀ ဦး ကော်မတီကို ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်က ဖွဲ့စည်းထားပါတယ်။

Tags:

Related Stories