HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လက်ခတ်တောင်က ဗုဒ္ဓရုပ်ပွားတော်တွေ ဖယ်ရှားတယ်ဆိုတဲ့ သတင်းအမှား

လက်ခတ်တောင်ပေါ် ဗုဒ္ဓရုပ်ပွားတော်တွေ ဖယ်ရှားခံနေရတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 Sept 2023 8:02 AM IST

ဒီအကြောင်းအရာကို ဖေစ့်ဘွတ်ပေါ်မှာ စစ်တပ်ထောက်ခံရေးသားနေတဲ့ KO Thet KA ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့် ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘လက်ခတ်တောင်မှ ဗုဒ္ဓရုပ်ပွားတော်များ ဖယ်ရှားခံနေရသည့်အတွက် ကြေကွဲစွာ ခံစားမိရပါသည်’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းပေါ်မှာ ကော်ဘရာစစ်ကြောင်း ဦးဆောင်သူ ဗိုလ်ဒါဘောနဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်တွေ ပြုလုပ်သွားခဲ့တဲ့ ဂြိုလ်သားပုံ ရုပ်ထုတွေကို ရွှေ့နေတဲ့ ဗီဒီယိုဖိုင် ဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ ဗိုလ်တာဘောက ဂြိုလ်သားချက်စားမယ်၊ ဖားချက်စားမယ်ဆိုပြီး နောက်ပြောင်နေသလို တပ်ဖွဲ့ဝင်တွေ ရွှေ့ပြောင်း နေတဲ့အထဲမှာလည်း ဗုဒ္ဓရုပ်ပွားတော် တစ်ဆူမှ ပါဝင်တာ မတွေ့ရပါဘူး။

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်က တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး စစ်ကောင်စီက စခန်းပြန်ရဖို့ အကြိမ်ကြိမ် ထိုးစစ်ဆင်ကြိုးပမ်းနေပေမယ့် အခုထက်ထိ မအောင်မြင်သေးပါဘူး။

ဒီရက်ပိုင်းမှာ စစ်တပ်လော်ဘီလုပ်ပြီး သတင်းအမှားတွေ ဖြန့်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ အကောင့်တွေမှာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေတွေ ဖြစ်အောင် ရေးသားဖြန့်ဝေမှုတွေ များလာတာ တွေ့ရပါတယ်။ ဒါကြောင့် စစ်တပ်လက်အောက်ခံ ဖေစ့်ဘွတ်ပေချ့်တွေ၊ အကောင့်တွေကနေ ဖြန့်ဝေနေတာတွေဟာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

Tags:

Related Stories