ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Naing Arkar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၂၂ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ မွေးနေ့ နေ့စွဲနဲ့ဓာတ်ပုံကို အသုံးပြုကာ ‘ဒယ်အိုးဆရာတော် ဟောတဲ့ မြန်မာပြည်ရဲ့ ခေါင်းဆောင်နှစ်ဦး အမေစုမွေးနေ့မှာ ဟောပေးတဲ့တရား’ လို့ ရေးသားဖြန့်ဝေထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူတွေကို နားလည်မှုလွဲအောင် ပြုလုပ်ထားတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။
တကယ်တော့ ‘ခေါင်းဆောင်ကောင်းရဲ့ ကျေးဇူးတရား’ ဆိုတဲ့ တရားကို ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) က စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဘူးကိုင်းစံပြကျေးရွာမှာ ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ဟောခဲ့တာ ဖြစ်ပါတယ်။
ဒယ်အိုးဆရာတော် ဟောကြားခဲ့စဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ရည်ရွယ်ဟောကြားခဲ့တာ မှန်ပေမယ့် အခု ဖြန့်ဝေသူတွေက ဆရာတော် တရားဟောထားတဲ့ ရုပ်သံဖိုင်အဟောင်းကို အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့အတွက် ဟောကြားတဲ့ ပုံစံဖြစ်အောင် ပြုပြင်ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။
ဒယ်အိုးဆရာတော် ဟောထားတဲ့ ‘ခေါင်းဆောင်ကောင်းရဲ့ ကျေးဇူးတရား’ ဆိုပြီး ဗွီဒီယိုကို Youtube မှာ ရိုက်ရှာကြည့်ပါက ပေါ်လာတဲ့ Youtube Channel အသီးသီးက တင်ထားတဲ့ ဗွီဒီယိုဖိုင်တွေရဲ့ အစဦးမှာ ဆရာတော်ကိုယ်တိုင် ပြောထားတဲ့ တရားဟော နေ့စွဲ၊ နေရာ နဲ့ ဘာကြောင့် ဒီတရားဟောရတယ်ဆိုတဲ့ အချက်တွေကို သွားရောက်ရှာဖွေ ကြည့်ရှု့နိုင်ပါတယ်။
ဒီဖြန့်ဝေထားမှုတွေထဲက တချို့ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။