HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KNU နဲ့ အမေရိကန် ပူးပေါင်းပြီး BGF ကို ချေမှုန်းမယ်ဆိုတဲ့ သတင်းအမှား

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အမေရိကန် ပူးပေါင်းပြီး ကရင်နယ်ခြားစောင့်တပ် BGF ကို ချေမှုန်းမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 May 2024 9:43 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'ဗိုလ်မှူးစောချစ်သူ ဒုက္ခရောက်ပြီ။ KNU နဲ့ အမေရိကန် ပူးပေါင်းပြီး BGF ကို ချေမှုန်းမည်' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

KNU နဲ့ အမေရိကန် ပူးပေါင်းပြီး BGF ကို ချေမှုန်းမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Salween Press မှာ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖော်ပြထားတဲ့ ‘မြဝတီအရေးနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးစောချစ်သူဘာပြောလဲ’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

သတင်းထဲမှာ မြဝတီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်လာပါက ကရင်အမျိုးသားတပ်မတော် KNA အနေနဲ့ ပြန်လည်ခုခံမယ်လို့ KNA ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုထားတယ်ဆိုတဲ့ အကြောင်းအရာကို ရေးသားထားတာပါ။

ဒီအကြောင်းအရာထဲမှာ KNU နဲ့ အမေရိကန် ပူးပေါင်းပြီး BGF ကို ချေမှုန်းမယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

Salween Press မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories