HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဝန်ကြီးချုပ် နှစ်ဦး NUG အစိုးရထံ ထွက်ပြေးခိုလှုံတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ် ဝန်ကြီးချုပ်နဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နှစ်ဦး NUG အစိုးရထံ ထွက်ပြေးခိုလှုံလာတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Dec 2022 6:08 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MaSoe Soe ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၆ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ကာဗာပုံပေါ်မှာ 'ကြားဖြတ်သတင်းထူး။ ချင်းဝန်ကြီးချုပ်နဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်တို့ NUG ထံ ထွက်ပြေးခိုလှုံလာ' ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုဝင်ကြည့်ရင် ပိုစ့်မှာရေးသားထားသလို ချင်းဝန်ကြီးချုပ်နဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်တို့ NUG ထံ ထွက်ပြေးခိုလှုံလာတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်တာ မတွေရပါဘူး။

အခုဖြန့်ဝေနေတာတွေဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ ဝင်ရောက်ကြည့်ရှု့သူများစေဖို့ သတင်းခေါင်းစဉ်တွေ နောက်ခံ ဓါတ်ပုံတွေမှာ လိမ်ညာရေးသားထားခြင်းမျိုး ဖြစ်ပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖြန့်နေတဲ့ Video အထဲမှာလည်း ခေါင်းစဉ်မှာ ပြောထားတဲ့ ဝန်ကြီးချုပ်တွေ ထွက်ပြေးခိုလှုံတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ဒီထဲမှာ ရိုဟင်ဂျာတွေနဲ့ ပက်သက်ပြီး ပြောဆိုနေတာကို နောက်ခံဓါတ်ပုံတွေနဲ့ ထည့်သွင်းထားတာသာ ဖြစ်ပါတယ်။

Tags:

Related Stories