HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ခေါင်းဆောင် ရုရှားကို ထွက်ပြေးသွားပြီဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရုရှားကို ထွက်ပြေးသွားတဲ့အတွက် နေပြည်တော်ကို မြောက်ပိုင်း (၃) ဖွဲ့ ဝင်ရောက်နေပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 26 Feb 2025 7:18 AM IST

ဒီအကြောင်းအရာကို Khit Thit Myanmar ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အရေးပေါ် သတင်းထူး။ မင်းအောင်လှိုင် ရုရှားသို့ ထွက်ပြေးသွားပြီ။ နေပြည်တော်ကို မြောက်ပိုင်း (၃) ဖွဲ့ နည်းလမ်းမျိုးစုံနဲ့ ဝင်နေပြီဟေ့' လို့ ရေးသားထား တာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ခေါင်းဆောင် ရုရှားကို ထွက်ပြေးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media သတင်းဌာနမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖော်ပြထားတဲ့ 'ရန်ကုန်နှင့်ပဲခူးဒေသများကို စိုးမိုးနိုင်ရေးအတွက် PDF တပ်များ စတင်ရွှေ့ ပြောင်းနေပြီး တိုက်ပွဲများ စတင်တော့မည်ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တပ်ထွက် မိန့်ခွန်းပြော' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ ရန်ကုန်နဲ့ ပဲခူးဒေသတွေကို စိုးမိုးရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်လက်အောက်ရှိ တပ်တွေ စတင်ရွှေ့နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တပ်ထွက်မိန့်ခွန်း ပြောဆိုတဲ့ အကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ စစ်ခေါင်းဆောင် ရုရှားကို ထွက်ပြေးသွားပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories