HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို သေဒဏ်ပေးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းအမှားဖြန့်

စစ်ကောင်စီက အခုရက်ပိုင်းထဲ တပ်တွင်းရာထူး အပြောင်းအလဲလုပ်တဲ့ သတင်းကို အခြေခံပြီး စစ်တပ်အကြီးပိုင်းတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို တပ်တွင်းဖမ်းဆီး သေဒဏ်ပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar | 21 Dec 2024 12:36 PM IST

ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တပ်တွင်းသေဒဏ် ကမ္ဘာကျော်သတင်း။ ဗိုလ်ချုပ်ကြီး တင်အောင်စန်း တပ်တွင်းဖမ်းဆီးသေဒဏ်ပေးပြီ။ နေပြည်တော်မှာ အချင်းချင်း အာဏာလု ပွက်လောရိုက်ကုန်ပြီ' ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသား ထားတာဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို သေဒဏ်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Western News သတင်းဌာနမှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ရခိုင်မှာ စစ်ရှုံးနေသော စစ်ကောင်စီတပ်မှာ ရာထူးနှင့်လူ အပြောင်းအလဲလုပ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာထဲမှာ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို သေဒဏ်ပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

သတင်းထဲမှာ ရခိုင်ပြည် အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ စစ်ရှုံးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ စစ်တပ် ရာထူးအပြောင်းအလဲ၊ လူအပြောင်းအလဲတွေ ပြုလုပ်နေတဲ့အကြောင်း ရေးသားထားတာပါ။

စစ်ကောင်စီရဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးရာထူးက ဖယ်ရှားလိုက်ပြီး ဒုတိယဝန်ကြီးချုပ်ရာထူးကို ဆက်လက်တာဝန်ယူမှာဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး အဖြစ် ပြောင်းရွှေ့တာဝန်ယူမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

Western News သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories