HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီလေယာဉ် ၂ စီး တရုတ်ပစ်ချတယ်ဆိုတဲ့ သတင်းအမှား

မင်းအောင်လှိုင် စစ်တပ်ပိုင် လေယာဉ် ၂ စီး တရုတ်ပစ်ချလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 28 Oct 2024 7:45 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit thit channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် လေယာဉ် ၂ စီး တရုတ်ပစ်ချလိုက်ပြီ။ အရာရှိ (၃၀) မိသားစုလိုက်သေဆုံး။ ယာယီသမ္မတ အတည်ပြုကြေညာပြီ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီလေယာဉ် ၂ စီး တရုတ်ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ အောက်တိုဘာ ၂၂ ရက်နေ့က ဖြန့်ဝေထားတဲ့ 'KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ယမန်နေ့ညပိုင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲပြီး တရုတ်က စစ်ကောင်စီလေယာဉ်ကို မီးကျည်များ ဖောက်၍ ထပ်မံသတိပေးပြန်၊ လားရှိုးမြို့ပေါ်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်တပ်က ဗုံးကျဲချသွားပြီးနောက် တရုတ်ဘက်က မီးကျည်တွေ ဖောက်ပြီး ထပ်မံ သတိပေးမှုတွေ လုပ်ခဲ့ဆိုတဲ့ အကြောင်းကို ရေးသားထားတာပါ။ ဒီသတင်းထဲမှာ စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို တရုတ်ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories