HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လေယာဉ်ဆီတင်ယာဉ်တွေ ဝင်ရောက်လာတဲ့ပုံအဖြစ်သတင်းအမှားပျံ့နှံ့

နယ်စပ်တနေရာမှာဖြတ်သန်းလာတဲ့ ဆီတင်ယာဉ်ပုံစံ ဓါတ်ပုံတွေကို အသုံးပြုပြီး လေယာဉ်ဆီတင်သွင်းတဲ့‌ယာဉ်တွေဝင်ရောက်လာတဲ့အခြေအနေအနေအဖြစ်ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေလူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 14 Jan 2022 1:29 PM IST

ဆီတင်ယာဉ်နဲ့ပုံစံတူတဲ့ ဘောက်ဆာကားဓါတ်ပုံ သုံးပုံပါဝင်တဲ့ ဒီဖေ့စ်ဘွတ်ပိုစ်မှာ ထိုင်းဘက်က ထွက်လာတဲ့ လေယာဉ်ဆီတင်ကားတွေ မဲဆောက်တံတားကို ဖြတ်ကျော်လာပြီ ဖြစ်ကြောင်းရေးငားဖြန့်ဝေထားတာဖြစ်ပြီး  ဒီအကြောင်းအရာကိုဖြန့်ဝေထားတဲ့ပို့စ်နှစ်ခုမှာ ပြန်လည်ဖြန့်ဝေသူထောင်ချီရှိခဲ့ပါတယ်။

ဒီသတင်းကို ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေလာတာဖြစ်ပြီး "လေယာဉ်ဆီတင်လာတဲ့ ကားတွေ ထိုင်းကနေ မဲဆောက်တံတားကို ကျော်ပြီး မြန်မာနိုင်ငံဘက်ကို စထွက်လာပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်သူ့ဘက်တော်သားတွေ လက်ဦးမှု ရယူနိုင်ဖို့ သတင်းပေးတာဖြစ်ကြောင်း" ရေးသားထားပါတယ်။

နိုင်ငံတဝှမ်းစစ်ရေးအခြေအနေတင်းမာနေတဲ့ကာလမှာ စစ်ကောင်စီဖက်က ဆီတင်သွင်းမှုတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းမှုတွေရှိနေပြီး ဒီအခြေအနေတွေနဲ့အတူ အချက်အလက်မခိုင်မာတဲ့သတင်းအမှားတွေလည်းရောထွေးပျံ့နှံ့လျက်ရှိနေပါတယ်။

ဒီအကြောင်းအရာကို မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ပို့စ်တွေမှာပါတဲ့ ဘောက်ဆာကားပုံတွေကို ကြည့်ရှု့စစ်ဆေးရာမှာ ထိုင်းနိုင်ငံအခြေစိုက် ဩရ ကုမ္ပဏီက Thai SiamGas Bowser ကားတွေရဲ့ ပုံဖြစ်ပြီး မူရင်းပို့စ်တွေမှာရည်ညွှန်းသလို လေယာဉ်ဆီတင်တဲ့ယာဉ်တွေမဟုတ်ပဲ
ရေနံဓာတ်ငွေ့ရည်(LPGas) သယ်ဆောင်လာတာဖြစ်ကြောင်းသိရပါတယ်.

အဆိုပါဓါတ်ပုံတွေ ပျံ့နှံ့ပြီးတဲ့နောက် ယင်းဓါတ်ပုံတွေဟာ လေယာဉ်ဆီတင်တဲ့ယဉ်တွေမဟုတ်ကြောင်းနဲ့ ထမင်းဟင်းချက်ရာမှာ အသုံးပြုတဲ့ ဂက်စ်ဖြစ်ကြောင်း ဓါတ်ငွေ့ရည်တင်သွင်းတဲ့ Company ဖြစ်တဲ့ AwRa Trading ရဲ့ ဖေစ့်ဘွတ်စာမျက်နှာက တဆင့် ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

AwRa Trading ရဲ့ ဖြေရှင်းထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။



Tags:

Related Stories