HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်မှာ ဗိုလ်မှူးကြီးတစ်ဦး သတ်ဖြတ်အလောင်းဖျောက်ခံရတယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော် စစ်ဌာနချုပ်ရုံးခန်းထဲမှာ ဗိုလ်မှူးကြီးတစ်ဦး သတ်ဖြတ်အလောင်းဖျောက်ခံရတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Nov 2022 8:40 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Ly La ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၂၁ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၈ ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'နေပြည်တော် စစ်ဌာနချုပ်ရုံးခန်းထဲမှာ ဗိုလ်မှူးကြီးတစ်ဦး သတ်ဖြတ် အလောင်းဖျောက်ခံရ။ အပုပ်နံ့ထွက်လာမှ သိကုန်တာတဲ့ဗျို့' ဆိုတဲ့ခေါင်းစဉ် ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်ရင် Khit Thit မီဒီယာမှာ ဖော်ပြထားတဲ့ နေပြည်တော်မှာ ဒုလက်ထောက် စစ်ရေးနှင့် စစ်ထောက်ချုပ် ဗိုလ်မှူးနေလင်းထွန်း သေဆုံးတယ် ဆိုတဲ့သတင်းနဲ့ အခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


ဒီသတင်းတွေကိုပဲ  "ဗိုလ်မှူးကြီးတစ်ဦး သတ်ဖြတ် အလောင်းဖျောက်ခံရ။ အပုပ်နံ့ထွက်လာမှ သိကုန်တယ်' ဆိုတဲ့ခေါင်းစဉ်တွေတပ်ထားပြီး Video ကို ခေါင်းစဉ်အလွဲတွေနဲ့ လိမ်လည်ဖြန့်ဝေတာဖြစ်ပါတယ်။ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Ly La ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေနေတဲ့ သတင်းတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

Tags:

Related Stories