HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၅၀ ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၅၀ ဖမ်းဆီးခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ရုပ်သံဖိုင်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 May 2024 8:13 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MS Story (Myanmar) ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'PDF အယောက် ၅၀ ဦး အဖမ်းဆီးခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရ (ရုပ်/သံ)။ စိတ်ခိုင်မှ ကြည့်ပါ အလောင်းထုတ် ရပ်သံပါ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၅၀ ဖမ်းဆီးခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ရုပ်သံဖိုင်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဖော်ပြထားတဲ့ ‘ရွှေဘိုတွင် မိုဘိုင်းလ်ဖုန်းအတွင်း PDF နှင့် ဆက်သွယ်သော မက်ဆေ့ချ်တွေ့သည်ဟုဆိုကာ လူငယ်တစ်ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

သတင်းထဲမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လူငယ်တစ်ဦးကို မိုဘိုင်းလ်ဖုန်းအတွင်း PDF နှင့် ဆက်သွယ်ထားတဲ့ ဖုန်းမက်ဆေ့ချ်တွေ တွေ့ရှိတယ်လို့ ဆိုပြီး သေဒဏ်ချမှတ်ခဲ့တဲ့ ဖြစ်စဉ်ကို ဖော်ပြထားတာပါ။

ရွှေဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှ ဖိုးသား (ခေါ်) ကိုနေလင်းဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တာဖြစ်ကြောင်း၊ ဖိုးသား (ခေါ်) ကိုနေလင်းဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ရွှေဘိုမြို့ဘက်ကို သွားရောက်စဉ် စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်ဆေးခံရပြီး ဖမ်းဆီးခံရတာဖြစ်တယ်လို့ရေးသားထားပါတယ်။

ဒီသတင်းထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၅၀ ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories