HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ငမိုးရိပ်ရေလှောင်တမံ ရေဖွင့်ချမယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိမ်ရေလှောင်တမံကို ညပိုင်းမှာဖွင့်ချတော့မယ်လိုရေးသာတဲ့ သတင်းအမှားတွေပြန့်နှံ့လာပါတယ်။

By - Boom Live Myanmar | 15 Sep 2024 2:38 AM GMT

ဒီအကြောင်းအရာကို စက်တင်ဘာလ ၁၃ ရက်နေ့က စတင်ပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့် ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ 'ရန်ကုန် အထူးသတိပေးချက်။ ရန်ကုန်ရေ ငမိုးရိပ်ဆည်ဒီည၁နာရီရေဖွင့်ချမယ်တဲ့နီးစပ်ရာတွေသတိပြုကြပါ' လို့ ရေးသားထားတာဖြစ်ပါတယ်။

ဒီဖြန့်ဝေမှုတွေဟာ သတင်းအမှားတွေဖြစ်တဲ့အကြောင်း သတင်းဌာနအချို့နဲ့ တာဝန်ရှိသူအချို့က ပြန်လည်ဖြေရှင်းတာတွေ လုပ်နေပေမယ့် ယခု စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းအထိ ထပ်မံဖြန့်ဝေမှုတွေ ရှိနေဆုဖြစ်ပါတယ်။


မူရင်ဖြန့်ဝေမှုတွေကိုတော့  ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ တမင်လုပ်ကြံဖန်တီးပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

ငမိုးရိမ်ရေလှောင်တမံရဲ့ သတင်းအချက်အလက်တွေ ဖော်ပြပေးနေတဲ့ Ngamoeyeik ID ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ငမိုးရိပ်တမံမှာ ပြဿနာ ရှိမနေကြောင်း၊ ပုံမှန်ရေထက် ကျော်နေတာသာ ဖြစ်ကြောင်း၊ လာရောက်ကြည့်ရှု့နိုင်ကြောင်းကို စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းမှာပဲ ပြန်လည်ဖြေရှင်းထားတာ တွေ့ရပါတယ်။


Ngamoeyeik ID ဖေစ့်ဘွတ်ပေချ့်မှာ ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် Ngamoeyeik ID ဖေစ့်ဘွတ်ပေချ့်က စက်တင်ဘာလာ ၁၄ ရက်နေ့ ညပိုင်းမှာ နောက်ဆုံးတင်ထားထားတဲ့ ပိုစ့်မှာလည်း ညနေ ၆ နာရီ တိုင်းတာချက်အရ ရေမှတ်ပြောင်းလဲမှု မရှိကြောင်း ဖော်ပြထားပါတယ်။


ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ငမိုးရိပ်ဆည် ဖောက်ချမယ်ဆိုပြီး ဖြန့်ဝေနေမှုတွေကြောင့် ရန်ကုန်ရှိ လူအချို့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေပါတယ်။

Related Stories