HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်တပ်က သူတို့ရဲ့အမှားကို ပြန်လည်ပြုပြင်မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

စစ်တပ်အနေနဲ့ ပြည်သူကို ပစ်ခွင့်၊ လေယာဉ်အသုံးပြုခွင့် ပိတ်ပင်သွားပြီး သူ့ရဲ့ အမှားကို ပြန်လည်ပေးဆပ်မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 July 2022 10:40 PM IST

စစ်တပ်က သူတို့ရဲ့အမှားကို ပြန်လည်ပြုပြင်မယ် ဆိုတာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဇူလိုင်လ ၂၂ ရက်နေ့က စတင်ကာ ပုံစံအမျိုးမျိုးနဲ့ ဖြန့်‌ဝေနေတာ ဖြစ်ပြီး အချို့ဖြန့်ဝေမှုတွေမှာ ကြည့်ရှု့သူ သောင်းကျော်ရှိနေပါတယ်။

ဖြန့်ဝေရာမှာ "အမိန့်သစ်ချမှတ်။ တပ်ရဲ့အမှားကို ပြန်လည်ပေးဆပ်မည်။ ပြည်သူကို စော်ကားခွင့် ပစ်ခွင့် အကုန်ပိတ်ပင်ပြီ။ စစ်သားတွေ လုံးဝ မြို့ပေါ်ကိုဝင်ခွင့်ပိတ်ပင်" လို့ ရေးသားထားတဲ့ ကာဗာပုံနဲ့အတူ ၇ မိနစ်ကျော် ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေထားတာပါ။

အချို့ဖြန့်ဝေမှုတွေကိုတော့ "လေယာဉ်အသုံးပြုခွင့် လုံးဝမရှိတော့ဘူးဟေ့။ ဒုချုပ်အမိန့်စာ။ ပြည်သူကို လေယာဉ်နဲ့ပစ်တာ ရပ်တော့မည်။ လေယာဉ်သုံးခွင့် ပိတ်ပင်။ ပြည်သူအိမ် မီးရှို့ရင် ထောင် ၈ နှစ်ကျမည်။ စစ်တပ်ကို အဆုံးထိပြုပြင်မည်" လို့ ရေးသားထားတဲ့ ဗွီဒီယိုကာဗာပုံနဲ့ အတူ ဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို စတင်ဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် လုပ်ကြံသတင်းတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Page တွေဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်တွေကို ဝင်ကြည့်ရင် တခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပြီး ဗွီဒီယိုဖိုင်ရဲ့ ကာဗာပုံမှာရေးသားထားတဲ့ အကြောင်းအရာနဲ့ ဆက်စပ်မှုမရှိတာ တွေ့ရပါတယ်။ ဒါကြောင့် အခုဖြန့်ဝေနေတာဟာ အများပြည်သူ အထင်မှားအောင် လုပ်ကြံထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Tags:

Related Stories