HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီရဲ့ ရေငုပ်သင်္ဘော AA ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

စစ်တွေမြို့မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီရဲ့ ရေငုပ်သင်္ဘောကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှား ဖြစ်ပါတယ်။

By - Boom Live Myanmar | 20 Feb 2024 9:36 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Top News ဆိုတဲ့ YouTube ချန်နယ်မှာ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှု့သူ ၉၃၀၀ ကျော်အထိ ရှိနေပါတယ်။

ဖြန့်ဝေရာထားတဲ့ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီဖိုင်ရဲ့ ကာဗာအဖြစ် 'စစ်တေွမြို့မှာ ရောက်နေတဲ့ ရေငုပ်သင်္ဘော AA ထုလိုက်ပြီဟေ့။ စစ်တွေမြို့ထဲ စစ်တောက်ပြီ။ ဧရာမဒရော့ဗုံးများ AA အသုံးပြုပြီဟေ့' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီရဲ့ ရေငုပ်သင်္ဘောကို ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ စစ်ကောင်စီက စစ်တွေမြို့ရှိ တပ်မိသားစုတွေနဲ့ ပိုင်ဆိုင်မှုတေွရွှေ့ပြောင်းတယ်ဆိုတဲ့ သတင်းအပါအဝင် အခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

ဒီသတင်းတွေထဲမှာ စစ်ကောင်စီရဲ့ ရေငုပ်သင်္ဘောကို AA တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ဖေဖော်ဝါရီ ၇ နဲ့ ၈ ရက်နေ့တွေက စတင်ပြီး ရခိုင်ပင်လယ်ပြင်အတွင်း စစ်ကောင်စီရဲ့ သင်္ဘောအချို့ကို AA ပစ်ခတ်နှစ်မြုပ်မှုတွေ ရှိခဲ့ပေမယ့် ရေငုပ်သင်္ဘော တိုက်ခိုက်ခံရတယ်ဆိုတာ သတင်းအမှားသာ ဖြစ်ပါတယ်။

စစ်ကောင်စီမှာ အိန္ဒိယက ၂၀၂၀ ခုနှစ် အောက်တိုဘာက ပေးထားတဲ့ တစ်ပတ်နွမ်းရေငုပ်သင်္ဘောတစ်စင်းနဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်က ပေးအပ်ထားတဲ့ တိုက်ခိုက်ရေး စစ်ရေငုပ်သင်္ဘောတစ်စင်း စုစုပေါင်း ရေငုပ်သင်္ဘော နှစ်စင်း ပိုင်ဆိုင်နေပါတယ်။

Tags:

Related Stories