HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကျောက်ဖြူရှိ မြန်မာ-တရုတ်ပိုက်လိုင်းကို စစ်တပ်ဗုံးကျဲတယ်ဆိုတဲ့ သတင်းအမှား

ကျောက်ဖြူကို တရုတ်အရာရှိ ရောက်နေချိန် ပိုက်လိုင်းကို စစ်တပ်က ဗုံးကျဲတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 19 Jun 2024 7:54 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြသာနာတက်ကုန်ပြီ။ ကျောက်ဖြူကို တရုတ်အရာရှိရောက်နေချိန် ပိုက်လိုင်းကို စစ်တပ်ဗုံးကြဲ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကျောက်ဖြူရှိ မြန်မာ-တရုတ်ပိုက်လိုင်းကို စစ်တပ်ဗုံးကျဲတယ်ပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ ဇွန်လ ၁၈ ရက်နေ့က ဖော်ပြထားတဲ့ ‘ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်။ ကျောက်ဖြူသို့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေဟုဒေသခံများပြော’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

သတင်းထဲမှာ တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် ဇွန် ၁၇ ရက်က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်စေဖို့ တရုတ်အစိုးရက ဆန္ဒရှိပေမယ့် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် တိုက်ပွဲရပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ AA က ထုတ်ဖော်ပြောကြားထားကြောင်း၊ တိုက်ပွဲများအတွင်း တရုတ်ရဲ့ စီမံကိန်းတွေ မထိခိုက်စေဖို့ သဘောတူညီမှု ရှိထားကြောင်း၊ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် နောက်ဆက်တွဲစာ

ချုပ်ကို တရုတ်နှင့် စစ်ကောင်စီ လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ဟိုင်ဂင်ဆွေးနွေးပွဲအပြီးမှာ ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး တရုတ်နှင့် တွေ့ဆုံဆွေးနွေးမှုများရှိကြောင်း ဖော်ပြထားပါတယ်။

အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ ဒီသတင်းထဲမှာကျောက်ဖြူရှိ မြန်မာ-တရုတ်ပိုက်လိုင်းကို စစ်တပ် ဗုံးကျဲတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

People's Spring သတင်းဌာနရဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories